အခန်း ၁ မှ ၉ ။ (unicode)

2.2K 160 16
                                    

Unicode

အခန်း(၁) ။ ဆန်ပြုတ်က ဘာဖြစ်တာလဲ

အိပ်မှုန်စုံမွှားဖြင့် ဆူးယွိ မျက်လုံးဖွင့်လိုက်သည်။

သူမသည် အနက်ရောင်နဲ့ စိမ်းပြာရောင် ရောစပ်ထားသော ဝတ်ရုံကို တွေ့လိုက်ရပြီးနောက် ဆပ်ပြာနံ့မွှေးမွှေးလေးကို အနံ့ရလိုက်သည်။

"ဂိုဏ်းတူညီမရေ၊ အစ်ကို တောင်အောက်ဆင်းပြီး ဆရာ့ကို သွားရှာလိုက်ဦးမယ်။ ကျိချုံးတောင်ကို ညီမလေးဆီ ခဏအပ်ခဲ့မယ်နော်"

သူ့အသံသည်ကား နေပမာ နွေးထွေးလွန်းလှပေ၏။

သို့သော် ဆောင်းဦးမှ တောင်ကျရေကဲ့သို့နှယ် ရင်ကို အေးမြစေသေးသည်ပင်။

ဆူးယွိ သူ့ကို ထကြည့်လိုက်သည်။

သူမသည် သူ၏ဝတ်ရုံ တဖြတ်ဖြတ်လွင့်နေသည်ကိုသာ မှုန်ဝါးဝါးမြင်ရလိုက်လေ၏။

သူ့မျက်လုံးများမှာ တောက်ပနေပြီး မျက်ခုံးက ထင်းနေသည်။ ဆံပင်နက်များကို ခပ်မြင့်မြင့်စည်းထားပြီး ကျောမှာ ဧရာမဓားတစ်လက်ကို လွယ်ထားသည်။ အနက်ရောင်အင်္ကျီလက်များကို ခေါက်ထားလေပြီး သူ၏ရှည်လျားသော လက်များကတော့ ဆူးယွိဆီကို လှမ်းလာနေသည်။

သူ၏ လက်ချောင်းများက သွယ်လျနေပြီး အသားအရည်က လဲချောမွတ်နေတာကြောင့် နဂါးမုတ်ဆိတ်ချိုချဉ်လုပ်ဖို့ အသင့်တော်ဆုံးလက်များ ဖြစ်ပေလိမ့်မည် ဟု သူမတွေးမိလိုက်လေသည်။

ဆူးယွိ ထိုလက်များကို သူမတွေးထားသလို သန်မာလေသလားဟု ထိတွေ့စမ်းသပ်ချင်မိနေသည်။

သို့သော်လဲ သူမလက်ကို ရွှေရောင်လေးထောင့်တံဆိပ်ကလေးကသာ လာရောက်ထိတွေ့လာချေ၏။

"ဒါက တောင်သခင်ရဲ့ တံဆိပ်ပြားပဲ။ ဒါကိုသေချာသိမ်းထားနော်"

"အခုကစပြီး ညီလေးတွေ၊ ညီမလေးတွေကို အစ်ကို့ကိုယ်စားစောင့်ရှောက်ပေးထား။ မနက်အတန်းနဲ့ ညနေခင်းအတန်းတွေကိုလဲ ကြည့်ပေးထားနော်။ ပြီးတော့ လေ့ကျင့်ဖို့လည်း မမေ့နဲ့ဦး..."

ဆူးယွိ: "..."

အိပ်မက်တွေကတော့ အကုန်ကိုလျှောက်မက်နေတာပဲ။ ဟဟားဟဟား...

စားဖိုမှူးလေး၏အင်မော်တယ်လမ်းခရီးစဥ် Opowieści tętniące życiem. Odkryj je teraz