"ဟားဟားဟား မခြူးအဲ့ကောင်မျက်ခွက်မြင်ချင်လို့ဖုန်းကင်မရာကိုလှည့်ပြပါဟားဟားဟား မင်းတကယ်ငါ့ယောက်ဖဖြစ်ပီပေါ့ဟားဟားဟား"

အသံကြားမှနွယ်ကောကိုကြီးပါမခြူးဖုန်းထဲကကိုဇန်ကိုသတိထားမိသည်။

"အမေအဲ့ကောင်ကိုခွင့်မပြုဘူးပြောအဲ့ကောင်အစထဲကသားတို့အိမ်မှာအမွေတောင်းမယ်လုပ်နေတဲ့ကောင်နွယ်ပါသူ့ဘက်ပါရင်အဲ့ကောင်မောင်ပိုင်စီးမှာ"

"ယောက်ဖခုတိတ်လိုက်ရင်ငါ့ဝေစုထဲကဝမ်းပါဆန့်ပေးမယ်"

"What the f**** ဝမ်းပါဆန့် နောက်ပီးမင်းဆီကယောက်ဖခေါ်ခံရတာငါတကယ်ဖင်ကျိန်းတယ်ဟားဟားဟား"

"ကဲဇန်လဲတော်တော့သားလက်ရုန်းကအစထဲကအန်တီ့သားလိုခလေးမို့ခုလိုအသိပေးပီးသမီးငယ်လေးကိုတန်ဖိုးထားပေးတာအန်တီတို့ဘက်ကခွင့်မပြုနိုင်စရာမရှိပါဘူးကွယ်"

"ဟုကဲ့ကျေးဇူးပါမေမေကျွန်တော်လဲခုမေမေ့သားဖြစ်သွားပီနော်"

"ဟယ်လက်ရုန်းငါလေနင်အဲ့လောက်မျက်နှာရူးတာခုမှမြင်ဖူးတယ်ငါ့တို့အမေကိုများနင်က"

"ဟားမခြူးကလဲခုကျွန်တော်ကအခုအငယ်ဆံုးလေးရဲ့ချစ်သူဆိုမှတော့ကျွန်တော်လဲအငယ်ဆံုးလေးပဲလေနော်မေမေ"
"ဟုတ်တာပေါ့သားရယ်"
"ဇန်ရေတို့အမေသားအငယ်ဆံုးလေးတယောက်ကောက်ရပီးပျော်နေတာမြင်လား"
ဟား ဟား ဟား

တအိမ်လံုးပျော်ရသလိုနွယ်ကတော့အပျော်ဆံုးပေါ့ငယ်ငယ်ထဲကကြိတ်crushခဲ့တဲ့ကိုကြီးက ကိုယ်ချစ်သူဆိုတော့ခုထိကိုမယံုနိုင်သေးဘူးအိမ်မက်လို့ထင်နေတုန်းပဲ။

"လမ်းကြည့်လျောက်လေလဲအုန်းမယ်ကိုယ့်မျက်နှာကိုကြည့်မဝဘူလား"
"ဟုတ်ပါဖူးကိုကြီးနဲ့ချစ်သူဖြစ်တာအိမ်မက်လားတကယ်လားစဉ်းစားနေတာညကတော့တညလံုးငိုရပီးခုမနက်ကျတော့ပါးစပ်တောင်မစိနိုင်ရအောင်ပျော်နေရလို့လေ"

"ကိုယ်လုပ်ပေးရမလားအိမ်မက်မဟုတ်တာသိရအောင်"

"အား ကိုကြီးနော်အဲ့မျက်နှာကြီးနောက်ဆုတ်အိမ်မက်ဟုတ်မဟုတ်သိချင်လွယ်လွယ်လေး"

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now