သူမရောဂါတစ်မျိုးမျိုးခံစားနေရတာတော့မဖြစ်နိုင်ပါဘူးနော် ဟုတ်တယ်မလား?

အကြာကြီးကြာပြီးနောက်မှ ဝါရင့်တော်ဝင်သမားတော်ကြီးကလက်ပြန်ရုတ်လိုက်သည်။ ထို့နောက် လျောင်ချင်းချင်းကိုလေးလေးနက်နက်ဦးညွတ်လိုက်သည်။

" ရှီးကျောက်ရုန်ကိုဂုဏ်ပြုပါတယ် ဂုဏ်ယူဝမ်းမြောက်ကြောင်းပါ ရှီးကျောက်ရုန် မင်္ဂလာရှိတဲ့သွေးကြောပါ"

လျောင်ချင်းချင်း အူတူတူလေးငေးစိုက်ကြည့်လိုက်တယ်။ ဟယ်ရှန်းမှာအံ့ဩသွားရလွန်းလို့ ပါးစပ်အုပ်လိုက်မိသည်။

" တော်ဝင်သမားတော်ကြီးက ကျွန်မကိုယ်ဝန်ရှိနေတယ်လို့ပြောနေတာလား? ကျွန်မကိုယ်ဝန်ရှိနေပြီလား?"

လျောင်ချင်းချင်း တအံ့တဩမေးလိုက်မိတယ်။

" မှန်ပါတယ် နှစ်လကျော်ပါပြီခင်ဗျာ"

ဝါရင့်တော်ဝင်သမားတော်ကြီးကဆက်ကာ
" ပြီးတော့ မယ်မယ့်ရဲ့သွေးခုန်နှုန်းကတည်ငြိမ်ပါတယ် အရာအားလုံးကပုံမှန်ပါပဲ"

" ဒါဆို ဘာကြောင့်ကျွန်မဘေးထွက်ဆိုးကျိုးတစ်ခုမှမခံစားရတာလဲ? အော့အန်တာတို့မသက်မသာခံစားရတာတို့ဘာတို့ကိုပြောတာပါ တစ်ခုမှမဖြစ်ဘူး "

နှစ်သစ်ကူးမတိုင်မီက လျောင်ချင်းချင်းမှာမရေမရာခံစားချက်တစ်ခုရှိခဲ့ပေမဲ့ သူမအလုပ်များလွန်းလို့ အဲ့အကြောင်းမေ့သွားခဲ့တယ်။ သူမတကယ်ကြီးကိုယ်ဝန်ရှိနေပြီလို့ မထင်ထားခဲ့ဘူး။

‌တော်ဝင်သမားတော်ကြီးကရှင်းပြလိုက်တယ်။
" ရှီးကျောက်ရုန်မယ်မယ်ကိုဖြေကြားပါတယ် လူတွေရဲ့ခန္ဓာကိုယ်ကတစ်ခုနဲ့တစ်ခုမတူညီပဲ ကိုယ်ဝန်ဆောင်စဉ်ကာလမှာလည်းထို့နည်းတူပါပဲ ရှီးကျောက်ရုန်မယ်မယ်ရဲ့အိပ်ငိုက်ရီဝေမှုဟာလဲ လက္ခဏာတစ်ခုပါပဲ"

လျောင်ချင်းချင်း ခေါင်းညိတ်လိုက်တယ်။ ဟယ်ရှန်းအသံကစိတ်လှုပ်ရှားမှုနဲ့တုန်ယင်နေပြီး တော်ဝင်သမားတော်ကြီးကိုဖမ်းဆွဲကာ မေးလိုက်သည်။

" တော်ဝင်သမားတော်ကြီး ဒါ....ဒါ...ဒါဆိုရင်လေ ကျွန်မသခင်မကဘာကိုဂရုစိုက်ရမလဲဟင်? စားတာတို့အိပ်တာတို့လိုလေ သခင်မဘာကိုသတိထားရမလဲဟင်?"

အရှင်မင်းကြီးနေမကောင်းဘူး [ Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ