Unicode..
"သစ်လေး အပြင်မသွားသေးဘူးလားညီမလေး"
"သစ်က မနက်ထဲကအိမ်မှာမရှိတာ ကိုကိုကြီးရဲ့..."
"ဪ.. ဟုတ်လား.."
တိတ်ဆိတ်သွားသည့် ထမင်းစားပွဲဝိုင်းထက် အနေရခက်စွာ ဖြူ ကိုကိုကြီး၏မျက်နှာသို့ ဖျက်ခနဲခိုးကြည့်လိုက်၏။ ခက်ကျကျမျက်၀န်းတွေအောက် နက်ရှိုင်းနေသည့် မျက်ကွင်းတွေကတော့ မနေ့ကညသည်အတွေးတွေနဲ့ကုန်ဆုံးဖြစ်ကြောင့်သိနိုင်၏။ အိမ်နေရင်း အကျီတို့နှင့် တပို့ကရို့ မျက်ခုံးထက်စီသို့ချထားသည့် ဆံပင်တွေနှင့် မျက်တောင်ခပ်ရှည်ရှည်တွေကတော့ လစ်ဟာနေသော ခုံပေါ်သို့တစ်ချက်တစ်ချက် လှည့်ကြည့်နေသည်ကိုလည်းမဖုံးကွယ်နိုင်ပါ။
နေ့အကြောင်းကို ဒတ်ခနဲရှိ ဖြတ်ခနဲသိသည်မှာ ကိုကိုကြီးသည်ထိတ်ဆုံးကပင်...။ ထိုသို့သိအောင်လည်း နှင်းလေးကအမြဲ နေ့အကြောင်းကိုအမြဲလိုက်လံစုံစမ်းနေပြီး ကိုကိုကြီးဆီသို့ အစီရင်ခံပြတက်သည်။ ယခုတော့ နှင်းလေးနှင့် ကိုကိုကြီးသည်မာနတို့ပြိုင်ဆိုင်နေကြ၏။ ဒီပွဲ၌ မည်သူဘဲ နိုင်နိုင်၊ မည်သူဘဲရှုံးရှုံး ထိခိုက်မည်က ဖြူ၏မိသားစု၀င်တစ်ယောက်သည်တော့ ထိခိုက်မည်သာ..။
မကုန်မခမ်းနိုင်သော ထမင်းများကိုကြည့်ရင်း ဖြူမျက်ရည်တို့ ဝဲတက်လာမိ၏။ ဒီလိုအချိန်ဆို နှင်းလေးသည် နွေးထွေးသောအပြုံးဖြင့် ကိုကိုကြီး၏ ရင်ဖွင့်သံများကို နားဆင်နေမည်။ တစ်ခါတလေ မရယ်ရသောဟာသများ ကိုကိုကြီးကပြောလျင် ဖြူတို့အတူတူလိုက်ရယ်ကြဉီးမည်။ တစ်ခါတလေဆိုလည်း ထမင်းဝိုင်းတွင် သစ်လေး၏ အကြောင်းများနှင့်ပြည့်ချင်လည်းပြည့်သွားမည်။
သို့သော် ယခုတော့ ဒီလိုတိတ်ဆိတ်ခြင်းတွေကို ဖြူနေသားကျအောင် နေရပါတော့မည်။
"ညီမလေး.."
"ဟင်.. ဟုတ်ကဲ့ကိုကိုကြီး.."
"အငယ်လေးရော.. ထမင်းလာမစားဘူးလား"
မျက်လုံးထက်ဝဲနေသည့် မျက်ရည်များကို အသာဖုံးကွယ်ရင်း ဖြူပြုံးလိုက်၏။
"ရေးစက်လေးက ကျောင်းတက်ဖို့အတွက် ပြင်ဆင်ဖို့အပြင်ထွက်သွားတယ် ကိုကိုကြီး"
YOU ARE READING
RomanceHello!ဒီficလေးကကိုယ့်ရဲ့ပထမဉီးဆုံးficလေးဆိုတော့အမှားတွေလည်းပါလောက်ပါတယ်၊ပြီးတော့ဒီficလေးဟာစာရေးသူရဲ့စိတ်ကူးသာဖြစ်တဲ့အတွက်ကြောင့်၊မည်သည့်တစ်စုံတစ်ယောက်ကိုမှကူးယူဖော်ပြခြင်းမရှိကြောင်း၊တစ်စုံတရာတိုက်ဆိုင်မူရှိခဲ့ရင်စာရေးသူကတောင်းပန်ကြောင်းပြောချင်...