Intro.

17.2K 359 27
                                    

Unicode..

မုန်းနေမိတဲ့သူက ချစ်ရသူဖြစ်နေတဲ့အခါ မင်းတို့ငါ့ကိုအရူးလို့ လှောင်ပြောင်ကြမလား..?။

နေ့မင်းသစ်သည် ယနေ့စိတ်ကောင်းလေးဝင်နေမိတော့ သူ့ကစားစရာလေးကိုဆော့ဖို့ အိမ်ကို စောစောပြန်လာခဲ့သည်။

အဲ့သက်ကြီးအိုကြားက အသက်အရွယ်ထက် အရှက်ကမဲ့နေသေးတယ်!!။ ဘ၀မှာ အသက်ရှင်နေထိုင်ဖို့ အဲ့အရှက်က အရေးကြီးတယ်ဆိုတာ သက်ကြားအိုကြီးကို သင်ပေးရဉီးမှာပေါ့..။

စံအိမ်ရှိလူတိုင်းသည် သူ့ကိုဖိတ်ဖိတ်တုန်အောင်ကြောက်ရသည်။ နေ့မင်းသစ်ဆိုသည့် နာမည်တစ်ခွန်းထဲကပင် သူ့တို့ အကြိမ်ကြိမ်သေဖို့ လုံလောက်ခဲ့ပြီလေ။

သူ့ရဲ့ ကစားစရာလေးကတော့ ကျိုးစစ်။ နတ်ဘုရားလိုချောမောလှပေမဲ့၊ ပတ်တီးဖြူဖြူစီးထားသည့် ခြေထောက်ကြောင့် သနားစရာအလှလေးတစ်ယောက်လိုပင်။

‌ကျိုးစစ်သည် မျက်ရည်တွေ လှိမ့်စီးလာသည်။ ထို့နောက် စံအိမ်ထဲသို့ နေ့မင်းသစ် ကားကိုမြင်တော့ ထော့နဲ့ထော့နဲ့ဖြင့် ဆင်းလာပေမဲ့လည်း မည်သူမှ ကျိုးစစ်လေးကို မကူညီကြပေ။ ကိုယ့်အလုပ်ကိုယ်လုပ်ကိုင်နေကြသည်။

ကားတံခါးကို ဖွင့်ပြီး ဆင်းလာတဲ့ နေ့မင်းသစ်ကို ကျိုးစစ်လေးက ရပ်ကာကြည့်နေလေသည်။

ထို့နောက်...

"ဘောဘဲ!! ၊စောက်ကောင်!! ၊နေ့မင်းသစ် _ီးဘဲကွာ!!၊ မင်းငါ့ခြေထောက်ကို ထိခိုက်အောင်လုပ်တယ်။ မင်းကောင်းကောင်းနေမယ်မထင်နဲ့ f**k!!"
ဖြူဖြူစင်စင်မျက်နှာလေးနှင့် ဆန့်ကျင်ဘက် ရိုင်းစိုင်းလှသည့် စကားဆိုပေမဲ့လည်း မည်သူမှထူးခြားဟန်မပြ။ အိမ်ဖော်များသည်လည်း အသက်မရှိသလို..။ နေ့မင်းသစ်သည်လည်း ရပ်ကာကြည့်နေလေတော့သည်။

ကျိုးစစ်ကထိုမျှနှင့်မပြီး နေ့မင်းသစ်ကို ခြေကျိုးနှင့်ဘဲ သွားချလေသည်။ စံအိမ်တစ်ခုလုံးရုတ်ရုတ်သဲသဲဖြစ်သွားရပြီး သက်တော်စောင့်များကလည်း အခုမှ သတိဝင်ပြီး ပြေးဆွဲကြလေတော့သည်။

၁နာရီကြာသောအခါ..။

ဆေးရုံတစ်ခု၌ ‌ကျိုးစစ်ရဲ့ လက်စာမိတဲ့လူတွေမှ သက်တော်စောင့် ၂ယောက်သည် တစ်လလောက် လမ်းမလျှောက်နိုင်တော့ပေ။ ၃ယောက်မှာ လက်တစ်ဖက်ဆီ အဆစ်အပ်သွားသည်။ ၅ယောက်မှာ မျက်နှာတစ်ခုလုံးစုတ်ပျက်သက်သွားကြသည်။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now