Unicode..
စံအိမ်ကြီး၏ 3ထပ်မြောက်၌ နေ့မင်းသစ်တစ်ယောက် နံရံသို့ နံဖူးအပ်ကာ ရပ်နေလေ၏။ မခံစိတ်ကြောင့် ကျစ်ကျစ်ပါစုတ်ထားသည့် လက်သီးနှင့် အံကိုတင်းတင်းကြိတ်ကာ သန်မာချင်ယောင်ဆောင်သည်မှာ မည်မျှပင်ပန်းကြောင်း နေ့ လက်တွေ့သိခဲ့ရသည်။
ပြဿနာဖြစ်တိုင်း၊ စိတ်ပျက်အားငယ်ဖို့တောင် အချိန်မရတဲ့အထိ နေ့ ကြိုးစားခဲ့ရသည်။ ထိုသည်မှာ အကြောင်းအရာတစ်ခုကြောင့်သာ။
"သစ်.. "
နူးညံလှသည့် မိန်းမပျိုခေါ်သံကြောင့် လျော့တိလျော့ရဲဖြစ်နေသည့် နေ့မင်းသစ် စိတ်တို့ ပြန်၍ တင်းမာလာမိသည်။
နောက်ကျော၌ ရပ်နေသည့် သူမှာ မည်သူမှန်း နေ့သိလိုက်လေပြီ..။"ဘာကိစ္စလည်း မမ.."
"အဆင်ပြေ.."
"အဆင်ပြေတယ် အရမ်းအဆင်ပြေတာ.. သိပ်ကိုအဆင်ပြေတာ!!ဟားဟား ကျွန်တော်အဆင်ပြေတယ်.. သိပ်ပြေတာ..ဟားဟား"
အသက်မဲ့နေသည့် မျက်လုံးအစုံဖြင့် နံရံထက်စိုက်ကြည့်ကာ ငိုသံပါနေသည့် အသံကြောင့် ရယ်မောခြင်းဖြင့် ဖုံးလွှမ်းလိုက်သည်။
ထိုအရာသည် နေ့ အကျွမ်းကျင်ဆုံး လိမ်လည်ခြင်းတစ်ခုလည်းဖြစ်ပြန်သည်။ကောင်းကင်ဖြူ တိုးသိပ်စွာ သက်ပြင်းချမိသည်။
"သစ်ရယ်....ကျိုးကို...သူ.. သူက.."
ကောင်းကင်ဖြူ အားတင်းကာ ပြောသော်လည်း ထိုစာလုံးများသည် မည်သည့်အခါမှ ဆုံးလိမ့်မည်မဟုတ်ဆိုတာ ကောင်းကင်ဖြူကိုယ်တိုင် သိပေသည်။ ၄နှစ် ၄နှစ် နီးပါးအတွင်း ပြောင်းလဲသွားသည့် မားမားမတ်မတ်ရပ်တည်နေသည့် ကျောပြင်ကိုငေးကြည့်ရင်း ဖြူ၏ မျက်ရည်များဝဲတက်လာမည်အထိပင်။
အိမ်၏သခင်လည်းဖြစ် စီးပွားရေးတွေလည်း သိမ်းကျုံးလုပ်နေသည့် မောင်ဖြစ်သူသည် ထိုနေ့မှစပြီး စက်ရုပ်လိုဘ၀မျိုးဖြစ်သွားခဲ့ရသည်။ ခံစားချက်မရှိ။ သနားမှုမရှိ။ ပင်ပန်းမှုမရှိ။ အားနည်းချက်မရှိ ဘဲ မားမားမတ်မတ်ရပ်တည်နေနိုင်တဲ့ နေ့မင်းသစ်ဆိုသူသည် ကျိုးစစ်၏အခန်းမှ ထွက်လာသည့်အခါတိုင်း ပင်ပန်းအားလျော့နေသည့် ထိုအခြေအနေကို အမတစ်ယောက်ဖြစ်သည့် ကောင်းကင်ဖြူ မသိဘဲနေမည်တဲ့လား။
YOU ARE READING
RomanceHello!ဒီficလေးကကိုယ့်ရဲ့ပထမဉီးဆုံးficလေးဆိုတော့အမှားတွေလည်းပါလောက်ပါတယ်၊ပြီးတော့ဒီficလေးဟာစာရေးသူရဲ့စိတ်ကူးသာဖြစ်တဲ့အတွက်ကြောင့်၊မည်သည့်တစ်စုံတစ်ယောက်ကိုမှကူးယူဖော်ပြခြင်းမရှိကြောင်း၊တစ်စုံတရာတိုက်ဆိုင်မူရှိခဲ့ရင်စာရေးသူကတောင်းပန်ကြောင်းပြောချင်...