EP.24

634 19 5
                                    

Unicode..

နက်ဆွေးဆွေးကောင်းကင်အောက် တဖျက်ဖျက်လင်းလက်နေသော ကြယ်တို့သည် လမင်းကြီး၏ လင်းလက်မှုကို အထီးမကျန်အောင် အဖော်ပြုပေးနေသည်။ ညအချိန်တိုင်းဆို clubမှာ Sanaနှင့် အလုပ်ကိစ္စတိုင်မြင်ချင် တိုင်မြင် မဟုတ်လျင် လက်ပ်တော့တစ်လုံးနှင့် ဈေးကွက်တွေ စူးစမ်းနေသည့် နေ့သည် ယနေ့တော့ တစ်စုံတစ်ယောက်သော သူအတွက် အသားများကို စိတ်ရှည်လက်ရှည်ဖြင့် ကင်ပေးနေလေ၏။

BBQဆိုင်လေးသည် နေ့စားနေကျလို အဆင့်အတန်းမြင့်မြင့်နှင့် သီးသန့်ခန်းတွင် မဟုတ်ဘဲ လူများစီကားသော ဈေးလမ်းကြီးရှိ ဆိုင်လေးတစ်ဆိုင်သာဖြစ်သည်။

အသားဗန်းကြီးကို ခုံပေါ်ကို ချလိုက်သော စစ်သည် ထိုင်ခုံတွင် မောပန်းစွာ လာထိုင်လိုက်၏။

ထို့နောက် ခုံနှစ်ဝိုင်းပြည့်လုနီးပါးရှိသော ဗန်းများနှင့် ခွက်များကို နေ့ဆီသို့ မေးငေါ့ပြ၏။

"ကောင်လေးလောက်ရဲ့လား..."

"ခင်ဗျားဟာက လူစားမှာရော ဟုတ်ရဲ့လား.."

အသားကင်မပြတ်ဘဲ ဖြေလာသည့် နေ့ကြောင့် စစ်၏ တဟားဟားအသံတို့ဖြင့်..

"ဟား.. ဟား.. ကောင်လေးကလည်း စားပါတယ်ဆို ပဲမများနေစမ်းပါနဲ့.. မြန်မြန်.. ဟိုဘက်က အသားလေးက ကျက်နေပြီ.."

စစ် လက်ညိုးထိုးပြသည့် အသားဖက်ကို နေ့ ပန်ကန်ထဲထည့်လိုက်သည့်အချိန် စစ်၏ လက်တံရှည်များသည် ပန်းကန်ကိုဆွဲယူမည်အပြု နေ့သည် ဉီးစွာဆွဲယူလိုက်၏။

"ကောင်လေးပေးကွာ.. ကိုယ်ဗိုက်ဆာလာပြီလို့.. ဗိုက်ဆာလာပြီ!"

"ပူသေးတယ်.."

"ပူသေးလည်း ရတယ်ကွာ.. ဒီကိုပေး.."

"မရဘူး.."

"နေ့မင်းသစ်!! ပေး!"

ဗိုက်ဆာမှုနှင့်ပေါင်းပြီး ထွက်လာသည့် ဒေါသတွေကို အကင်ရနံများ ရှုရှိုက်ရင်းထိန်းလိုက်သော်လည်း တဂွီဂွီစာနေသော ဗိုက်ကြောင့် ရှူးရှူးရှားရှားသာ ဒေါသဖြစ်မိ၏။

"မင်း ပေးမလား မပေးဘူးလား..!"

ချိန်း‌ခြောက်မှုအပြည့်ဖြင့် အသားတစ်ဖက်တည်းကြောင့် ထသတ်မည့်ပုံပေါ်နေသော စစ်ကိုမြင်သည့်အခါ နေ့ကြောက်သွားဖို့ဆိုတာ ဝေတာဝေးပါသေး...။ ဖောက်ပြီးသား တူတစ်စုံကို အသားကို ညှပ်၍ နှုတ်ခမ်းရှေ့များကြား တဖူးဖူးညင်သာစွာမှုတ်နေသည်မှာ စစ်ကို ရွဲ့နေသည့်အလားပင်။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now