International Play Boy Mg_21

Start from the beginning
                                    

ချက်ချင်းထကာ သူ့ရင်ခွင်ထဲတိုး၀င်ရှာသည်။

သူလည်းကျောလေးကို ပုတ်ပေးမိသည်။

သူကလေးလေး ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲ။

" ကျွန်တော်လေ~ကျွန်‌တော် ~သူကို အရမ်းချစ်တာ~ သူဘာလို့ အဲလို့လုပ်နိုင်ရတာလဲ~~ ကျွန်တော်အချစ်က သူအတွက်မလုံလောက်ခဲ့တာလား ~~ ကျွန်တော်သူကို သိပ်ချစ်တာပါလို့~~~ "

" ကျွန်တော်က ~~သူအတွက်အရေးပါရဲ့လားတောင်~~ မသိခဲ့ဘူး~~ သူမရှိရင် ကျွန်တော် ~~သေမှာ ~ သူကိုသိပ်ချစ်တာ~~သူကတော့လေ ~~ ကျွန်တော်အပေါ်လုပ်ရက်တယ် ~~ "

" ကျွန်တော်အချစ်က သူအတွက် အပေါစားဆန်ပြီး~~ တန်ဖိုးမဲ့ခဲ့တာလား~~ ကျွန်တော်ရဲ့ အချစ်တွေကလေ~ သူဘာလုပ် အမြဲသည်းခံပေးခဲ့တယ်~~ သူမိန်းကလေးနဲ့ တွဲလည်း~~ နားလည်ပေးခဲ့တယ် ~~ကျွန်တော်အပေါ် ကောင်းကောင်းမဆက်ဆံလည်း ~~ကျွန်တော် ခွင့်လွှတ်ပေးခဲ့တယ် ~~အဲလောက်ထိ~~အဲလောက်ထိကို~~ ကျွန်တော် သူကိုချစ်ခဲ့တာပါ ~~ "

အရူးလေးတစ်ယောက်လို့ ငိုနေတဲ့ Taeဟာ သူကို ရင်နာစေပါသည်။

ဒီရင်ထဲ၀င်ကြည့်ပါဦး ကလေးငယ်ရယ်
ကိုယ်ငိုနေတယ်ဆိုတာ မင်းလေးသိရဲ့လား

" မဟုတ်တာကွာ မင်းအချစ်တွေက အဖိုးတန်ပါတယ် "

ကိုယ်အတွက်ပေါ့
ထိုစကားလေးကိုတော့ Bogumစိတ်ထဲကသာ ပြောလိုက်သည်။

" ဟင့် ~~ ကျွန်တော်ဘယ်လိုလုပ်ရမလဲ~ မသိတော့ဘူး~ သူကိုမစွန့်လွှတ်နိုင်ဘူး ~ ဒါပေမဲ့ ~ ကျွန်တော်သူများ ယောင်္ကျားနဲ့ မဖောက်ပြန်ချင်ဘူး ~ "

" ကိုယ်ပြောတာ နားထောင် Tae  "

သူမျက်နှာကိုမော့ကြည့်တဲ့ Tae

" မင်းစဉ်းစားရမယ် မင်းတို့ ရှေ့ဆက်သင့်လား နောက်ဆုတ်သင့်လားဆိုတာ Taeဆုံးဖြတ်ချက်ကို ကိုယ်မစွက်ဖက်ချင်ဘူး Taeတွေးပါ ရေရှည်ကို၊ Taeအ‌တွက် အကူအညီလိုရင် ကိုယ်ကိုအချိန်မရွေးပြော ကိုယ်ကူညီပေးမယ် "

"ဒါပေမဲ့~~ ကျွန်တော်လေ~~ သူကို~~နှလုံးသားထဲက~~နက်နက်ရှိုင်းရှိုင်းကို~~ချစ်တာပါ "

International Play Boy MgWhere stories live. Discover now