87

43 7 0
                                    

သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ
ဘာသာပြန် - အေးငြိမ်းကျော်
အခန်း- ၈၇
(အရိုးဖွဲ့စည်းပုံ)

ကောင်းကင်ဖြတ်ဓားဂိုဏ်း ပညာသင်အသစ်တို့၏ ဖြစ်တန်စွမ်းနှင့် အရိုးဖွဲ့စည်းပုံတို့ကို စစ်ဆေးဆုံးဖြတ်သည့် အိမ်တော်၏ နာမည်မှာ ‘ကောင်းကင်ဆန္ဒအိမ်တော်’ ဟု အမည်ရသည်။ တာအိုကိုရှာဖွေခြင်း၊ အင်မော်တယ်အဖြစ်ကျင့်ကြံခြင်းတို့၏ အခြေခံအုတ်မြစ်အားလုံးတို့သည် ကောင်းကင်ဘုံ၏ လိုအင်ဆန္ဒအတိုင်းသာဖြစ်ပြီး မည်သူကမျှ ကောင်းကင်ဘုံ၏အလိုကို ဆန့်ကျင်၍မရဟု အဓိပ္ပါယ်ရလေသည်။ ကောင်းကင်၏ဆန္ဒက သင်သာ အင်မော်တယ်တစ်ယောက်ဖြစ်နိုင်ပါသည်ဟု ဆုံးဖြတ်ပေးလျှင် အင်မော်တယ်တစ်ယောက်ဖြစ်ရန်မှာ သင်၏ ကံကြမ္မာပင်ဖြစ်တော့သည်။ အင်မော်တယ်တစ်ယောက်ဖြစ်ရန် အခွင့်အရေးမရှိဟု ကောင်းကင်ဘုံ၏ဆန္ဒက ဆုံးဖြတ်ပေးလျှင် သင့်အတွက်ကျန်သည့် လမ်းကြောင်းမှာ သေမျိုးတစ်ယောက်ဘဝအားလက်သင့်ခံရန်သာဖြစ်လေသည်။

ထိုအဓိပ္ပါယ်ကို ပိုပေါ်လွင်စေရန် ကောင်းကင်ဆန္ဒအိမ်တော်သည် ဖိနှိပ်ခြင်း၊ လေးလံခြင်းဆိုသည့် ခံစားချက်များကို ပေးစွမ်းနေ၏။ အနက်ရောင်အိမ်တော်ကို သံဓာတ်မြင့်မားသည့် တောင်ကျောက်ဆောင်များဖြင့် ဆောက်လုပ်ထားပြီး ဝင်ပေါက်ထိပ်တွင် ချိတ်ဆွဲထားသည့် အမည်ပြားပေါ်ရှိ စာလုံးများက ခဲရောင်မှုန်မှိုင်းလှသည်။ ကောင်းကင်၏ဆန္ဒသည် လူတစ်ဦးပေါ်ကို လေးပင်စွာပိကျနေသလို ခံစားရချေ၏။ ဆန့်ကျင်၍မရပေ၊ ပြောင်းလဲ၍မရပေ၊ အနိုင်ယူ၍မရပေ၊ လူတစ်ယောက်သည် ကောင်းကင်အလိုကို အမြဲတစေ လက်ခံရပေမည်။

ဟောင်ယင်ဖန်းယင်က ဘေးက ဝူကျိကို ဆက်လက်ရှင်းပြနေသည်။ တကယ်တမ်းက ကောင်းကင်ဖြတ်ဓားဂိုဏ်းတစ်ဂိုဏ်းထဲကသာ ယခုကဲ့သို့ ကောင်းကင်ဆန္ဒအိမ်တော်ရှိသည်မဟုတ်ချေ။ ကောင်းကင်ဆန္ဒအိမ်တော်နှင့် ဆင်တူသည့်နေရာများကို မဟာယန်မင်းဆက် အင်မော်တယ်ဂိုဏ်း ဆယ့်သုံးဂိုဏ်းလုံးတွင် ရှာတွေ့နိုင်၏။ မသိလျှင် မဟာယန်မင်းဆက်က ထိုနေရာများမှတဆင့် လျှို့ဝှက်စကားတစ်ခုကို ပြောကြားရန် ရည်ရွယ်ထားသလိုပင်။ သူတို့ပြောချင်သည့် စကားကတော့ သူတို့ကိုယ်တိုင်သာ သိပေလိမ့်မည်။ အပြင်လူများကတော့ ခန့်မှန်းရုံသာတတ်နိုင်လေသည်။

သူခိုးတစ်ယောက်ရဲ့ဒဏ္ဍာရီWhere stories live. Discover now