46

71 10 0
                                    

သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ
ဘာသာပြန် - အေးငြိမ်းကျော်
အခန်း- ၄၆
(ရပြီ)

အလွန်ပျော်ရွှင်စွာ ရယ်မောလျှက် မီးလျှံသခင်သည် လက်ထဲက မြွေနဂါးပုလဲကို ဆုပ်ကိုင်လိုက်၏။ သို့သော် သူ့မျက်နှာအမူအရာမှာ ချက်ချင်းပင် ဇာတ်ဆန်ဆန်ပြောင်းလဲသွားပြီး တစ်ကိုယ်လုံးသည်လည်း တောင့်တင်းသွားခဲ့သည်။

ခိုးယူခြင်းအတတ်ကျမ်းထဲ အလွန်ထူးဆန်းသည့် ဂွကျကျ နည်းလမ်းများရှိပြီး အစဉ်အလာကို ဆန့်ကျင်သည့် သမရိုးကျမဟုတ်သော ကျင့်စဉ်များစွာတောင် ရှိသေး၏။ ထိုအထဲတွင် ဝိညာဉ်သားရဲတို့၏ အမြုတေကို အတွင်းစွမ်းအင်အသုံးပြု၍ မည်သို့လှုံ့ဆော်ပေးကာ အမြုတေထဲမှ စွမ်းအင်ကို မည်ကဲ့သို့ အစပျိုးပေးရမည် ဆိုသည်ကို သင်ကြားပေးသည့် နည်းလမ်းတစ်ခုရှိသည်။ တည်ငြိမ်နေသော မြွေနဂါးအမြုတေထဲသို့ ဝူကျိက အတွင်းရေစွမ်းအင်မျှင်လေးတစ်ခု ထည့်သွင်းလိုက်သည့်အခါ အမြုတေထဲမှ များပြားသော စွမ်းအင်တို့သည် ရုတ်ချည်း စတင်ပေါက်ကွဲလာတော့သည်။ ဤသည်မှာ ယမ်းမှုန့်ပုံးထဲသို့ မီးပွင့်လေးတစ်ပွင့် ကျသလိုပင် ဖြစ်သည်။

အမျက်ပြင်းပြင်း ဒီရေလှိုင်းကြီးသကဲ့သို့ ထုထည်ကြီးမားလှသည့် ရေဓာတ်စွမ်းအင်တို့သည် လေအေးတစ်ချက်ကို သယ်ဆောင်ကာ ထစ်ချုန်းလာခဲ့သည်။ ထို့နောက် သိမ်မွေ့သော မြည်ဟည်းသံကိုပြုလျက် မီးလျှံသခင်၏ ခန္ဓာကိုယ်ပေါ်သို့ ထိုးတက်သွားလေသည်။ ရလာဒ်အနေဖြင့် မီးလျှံသခင်၏ လက်ဖဝါးသည် အဖြူရောင်နှင်းခဲများဖြင့် လွှမ်းခြုံသွား၏။ သူ၏ ခန္ဓာကိုယ်တစ်လျှောက်တွင် ရေခဲကျောက်ကလေးများပါ ပျံ့နှံ့လာကြသည်။

အသက်တစ်ရှိုက်စာမျှ အချိန်ကလေးအတွင်း ကြောက်မက်ဖွယ်ရာ ဆီးနှင်းခဲများသည် မီးလျှံသခင်အား ရေခဲရုပ်တုတစ်ခုအဖြစ်သို့ပင် ပြောင်းလဲလိုက်သည်။

ရေဓာတ်နှင့် မီးဓာတ်တို့မှာ သဘာဝ ရန်ဘက်များဖြစ်ကြရာ ဤရေကန်ကြီးထဲတွင် နှစ်ပေါင်း သုံးထောင့်ရှစ်ရာနီးပါး နေခဲ့သည့် အတွင်းရေမြွေနဂါးကြီးသည် မီးလျှံသခင်သကဲ့သို့ ရှန်းထျန်ကနဦးရှိုက်လေအလွှာ ကျင့်ကြံရေးအဆင့် ရှိသည်။

သူခိုးတစ်ယောက်ရဲ့ဒဏ္ဍာရီWhere stories live. Discover now