International Play Boy Mg_20

Začít od začátku
                                    

...

" Tae "

" Bogum Hyung "

" ကိုယ်နဲ့တစ်ခုခုသွားစားရအောင် "

" ဟုတ်ကဲ့ "

Bogum Hyungနဲ့အတူ စားသောက်ဆိုင်လေးဆီသို့။

Bogumတစ်ယောက် Jeon Jungkookအကြောင်း သိထားတာလေရှိသဖြင့် Taeကို ပြောပြရန်လာခဲ့ခြင်းပေ။

ဒါပေမဲ့ ကောင်လေးကြည့်ရတာ အားနည်းနေသယောင်

" Tae"

" ဗျာ "

" နေမကောင်းဘူးလား "

" ဟုတ် ကျွန်တော်နည်းနည်း အားနည်းနေလို့ပါ "

" အဲဆို ကိုယ်တို့ဆန်ပြုတ်‌ဆိုင်သွားရအောင် ပင်လယ်စာဆန်ပြုတ်ဖြစ်ဖြစ် ခုံးဆန်ပြုတ်ဖြစ်ဖြစ်သွားစားရအောင်လေ "

" Hyungသဘောပါ "

အဲလိုနဲ့ သူတို့ရဲ့ဦးတည်ရာဟာ နာမည်ကြီးဆန်ပြုတ်ဆိုင်ဆီ

ဆိုင်တော့လည်း ဆန်ပြုတ်ကိုတောင် တို့ကနန်းဆိတ်ကနန်းစားနေတဲ့ ကောင်လေးကြောင့် သူမှာစိတ်မချမ်းသာရ

" Hyung ကျွန်တော်ကိုပြောစရာရှိလို့မလား "

" ဪ ဟုတ်တယ် Jeon Jungkook  အကြောင်း "

" Jungkook အကြောင်း "

" ကိုယ်ဖိတ်စာရထားတယ် ရှေ့လပိုင်းတစ်ရက်နေ့ဆို Jeon Jungkookမွေးနေ့ဆို Jeonလုပ်ငန်းစုက ဖိတ်ထားတာ Taeသိပြီးပြီလား "

မောင်ရယ်သူရယ် ဘယ်လောက်တောင် ကံစပ်လဲ ဆို‌ရင် သူတို့ရဲ့စတွဲတဲ့နေ့နဲ့ မောင်မွေးတဲ့နေ့ဟာ တစ်ရက်ထဲ။

ဒါပေမဲ့ Hyungပြောတဲ့ အကြောင်းကိုတော့ သူမသိပါ။

" မသိပါဘူး Hyungရယ် "

Bogumလည်း ထပ်မပြောတော့ ပြိုတော့မယ့် မိုးလို့ ဖြစ်နေတဲ့ ကောင်လေးရဲ့ မျက်နှာကြောင့်ပေ။

" Bogum Hyung ကျွန်တော်အိမ်ပြန်ချင်ပြီ "

" အင်း အဲတာဆိုသွားစို့လေ "

အိမ်ပြန်လာတဲ့ လမ်းတစ်လျှောက် Taehyungအ‌တွေးထဲ မောင်သာ ကြီးစိုးနေလေသည်။

သူဒီရက်ပိုင်း ခံစားလွယ်နေလေသည်။
အထူးသဖြင့် မောင်နဲ့ပတ်သက်ရင်ပေါ့။

International Play Boy MgKde žijí příběhy. Začni objevovat