"မေမေနေကောင်းအောင်နေပေးပါသားကြောင့်နေမကောင်းမဖြစ်နဲ့တော့နော်"

လက်ရုန်းပြောလဲပြောအမေ့လက်ပေါ်ပါးအပ်ကာငိုမိသည်။မေမေကခေါင်းကိုလက်ဖြင့်သပ်ကာ

"သားရယ်တော်သေးတာပေါ့သားကလက်ခံလို့လက်မခံပဲသူမှသူဖြစ်မှမေမေရင်ကျိုးမှာဟိုကောင်လေးကိုလဲကျေးဇူးတင်တယ်အမေကတော့ခုလိုချိန်ပေါ်လာပေးတာကိုလေသားစိတ်မညစ်နဲ့နော်ပြောမဲ့သာပြောတာငါ့သားအသဲကွယ်တော့အချိန်လိုမှာပေါ့အရက်သောက်ချင်လဲသောက်အလွန်အကျွံတော့မဖြစ်စေနဲ့ဟုတ်ပီလား"

"ဟုတ်ကဲ့ပါနောက်ပီးမေမေသိသလောက်သူတို့အကြောင်းသားကိုပြောပြပါမေမေတခြားသူကိုမေးရမှာသားရှက်လွန်းလို့ပါ"

"ပီးပီးသားကိုသားရယ်မသိချင်ပါနဲ့"

"သားသိရမှဖြစ်မှာမို့ပါမေမေ"

မေမေပြောသမျှနားထောင်းရင်းယုနဲ့သူ့မိသားစုအကြောင်းနဲ့ငါးရံ့နှစ်ကောင်ဖမ်းတဲ့အကြောင်းတွေသိရတော့တော်တော်ရှက်မိသည်။ဇန်ပြောသလိုပဲကိုယ်တော်တော်မွန်ခဲ့တာပဲဟုတ်သားပဲဇန်နဲ့ပြောရမယ်။
ဇန်ကိုအားတဲ့အချိန်vcallခေါ်ဖို့မက်ဆေ့ပို့တော့ချက်ချင်းခေါ်လာသည်။

"ဘရို ချက်ချင်းခေါ်ပုံထောက်တော့နွယ့်ဆီကသတင်းရပီးပီထင်တယ်"

"အေး ဘရိုမင်းကမင်းနဲ့မတူအောင်သောင်းကျန်တယ်ဆိုခု​ကောစိတ်ထဲအဆင်ပြေလားနွယ်လေးကမင်းဆီဆက်ခိုင်းနေတာငါကအားနာလို့"

ဇန့်ကိုရင်ဖွင့်ရတော့လူကတော်တော်စိတ်လက်ပေါ့ပါးသွားသည်။လူလဲလန်းသွားအောင်ရေချိုးပီးတော့နွယ်လေးဆီကmiss callတွေ့သည်။ပြန်ခေါ်တော့ဖုန်းမကိုင်တာနဲ့အဝတ်လဲပီးအပြင်ထွင်လာတော့နွယ်လေးပန်းကန်တွေနဲ့တွေ့ရသည်။

"ဘာတွေလဲနွယ်လေး"

"ဒါကစပိုက်ဆီခေါက်ဆွဲနဲ့ကိုရီးယားကင်ကနွယ်စားဖို့ဒါကကိုကြီးအကြိုက်ငါးရှဉ်ခြောက်စပ်ကြော်နဲ့ကြက်ကြွပ်ကြော်ဒါကဆိုဂျူး ဒီနေ့ကအားချင်းစီစဉ်ရလို့နက်ဖန်မှနွယ့်လက်ရာစား"

လက်ရုန်းနွယ်လေးလက်ထဲကစားစရာများကိုလက်လွဲယူရင်း
"ဘယ်မှာစားမှာလဲကိုကြီးအခန်းလားဝရံတာဘက်လားအပေါ်ဧည့်ခန်းမှာလား"

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now