International Play Boy Mg_18

Start from the beginning
                                    

" Kim Taehyung ခင်ဗျားတွေးပူမနေစမ်းပါနဲ့ "

မောင်ပြောတာက အားပေးနေတာလား၊ အပြစ်တင်နေတာလား မသဲကွဲ

" အင်း "

မောင့်ရဲ့မိဘတွေအိမ်ကို ကြည့်မိတော့ တအားကိုကြီးလှသည်။
အိမ်လို့တောင်မခေါ်နိုင်။
နန်းတော်ကြီးအလားပင်။

" လာ "

Taehyungလက်ကို မောင်ကဆွဲကိုင်ကာ မောင့်မိဘ‌အိမ်ထဲ နှစ်ယောက်သား၀င်ခဲ့လေသည်။

သူတို့၀င်၀င်လာချင်း မြင်လိုက်ရတာ 12နှစ်အရွယ်ကောင်လေးတစ်ယောက်

" ဦးငယ် "

ထိုကောင်လေးဆီမှာ ခေါ်သံ

" Soobinလေး "

မောင်က ဒူးညွှတ်ကာ လက်ကားပေးတော့ မောင့်ကိုပြေးဖက်ရှာတဲ့ ကောင်လေး

" ဦးငယ်ကို သားကအရမ်းလွမ်းနေတာ "

မောင့်တူလေးဖြစ်ဟန်ပုံ။

" သားငယ် "

အသက်ခပ်ကြီးကြီးအမျိုးသမီးတစ်ယောက်
မောင်အမေထင်ပါရဲ့
ထိုအမျိုးသမီးကြီး ကျက်သရေရှိလှသည်။

" မေမေ "

မောင်က‌ သူအမေကို ပြေးဖက်သည်။

" သမီးကြီးရေ သားငယ်ပြန်လာတယ် "

အပေါ်ထပ်ကနေ သိပ်ချောတဲ့ မိန်းကလေးတစ်ဦးပြေးဆင်းလာသည်။

" ‌အငယ်ကောင် "

" မမ "

" ကောင်စုတ်လေး ဘာလို့အိမ်ပြန်မလာတာလဲ ဟမ် "

မောင့်အမက မောင်ကိုထုရိုက်ပြီး ဖက်ရှာသည်။

" သားငယ် မေမေမင်းအဖေကို ဖုန်းဆက်ထားတယ် "

" အင်း "

" အငယ်ကောင် သူကဘယ်သူလဲ "

Taehyungကို မေးနေတဲ့ မောင့်အမ

" သူက ကျွန်တော်ကောင်လေးပါ "

" ဟုတ် Kim Taehyungပါ "

မောင့်အမနဲ့အမေက ဆွံအသွားသည်။

နောက်မှ

" အချောလေးဘဲနော် ‌မေမေ "

" ဟုတ်ပါ့ လာ လာ သား "

International Play Boy MgWhere stories live. Discover now