110. ယုစီလုံ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သည်

Start from the beginning
                                    

ဤဘ၀တွင် သူမသည် ကလဲ့စားချေရန် ဤနေရာတွင် ရှိနေခဲ့သည်ကို ဘယ်တော့မှ မမေ့နိုင်ပေ။  သူမသည် နောက်ဆုံးဘဝတွင် အကြွေးတင်သူတိုင်းကို ပေးဆပ်စေလိမ့်မည်။  ယုစီလုံသည် ပထမဆုံးဖြစ်သည်။  ထိုကဲ့သို့တွေးလိုက်တိုင်း သူမ၏ အပြုံးသည် ပို၍ အေးစက်လာကာ သူမ၏ နှလုံးသားကိုပင် အေးခဲသွားစေခဲ့သည်။

မို့ရွှီတုန်းသည် နားမလည်နိုင်လောက်အောင် စိတ်ဓာတ်ကျနေသလို ခံစားရပြီး ဘုရားကျောင်းထဲတွင် အချိန်အတော်ကြာအောင် ငြိမ်သက်နေခဲ့သည်။  မိုလန် နှင့် မိုရီ တို့သည် သူမကို စောင့်ရှောက်ခဲ့ပြီး သူမခြေထောက်နာသည်အထိ လမ်းလျှောက်ပြီးမှသာ ခြံထဲသို့သာ ပြန်လာခဲ့သည်။

သူတို့ပြန်လာတော့ အမေရှု က သူတို့ကို စောင့်နေတာတွေ့လိုက်ရတယ်။  ဒီမနက် မို့ရွှီတုန်းရဲ့ အဖြစ်အပျက်ကို မို့အိမ်တော်က သိရှိသွားခဲ့ပြီး မိခင်ရှုသည် စိုးရိမ်စွာ ဒီကိုရောက်ရှိလာခြင်းဖြစ်ကြောင်း သူမသိလိုက်ရတယ်။ မိခင်ရှုသည် သူမကိုကြည့်ရင်း မို့ရွှီတုန်း၏လက်နှစ်ဖက်ကို ငြင်သာစွာကိုင်လိုက်ပြီး မိခင်ရှု၏ခန္ဓာကိုယ်သည် တုန်ရီနေဆဲဖြစ်သည်။  ထို့အပြင် သူမ အော်ဟစ်နေခဲ့သည်။  "မမလေး ၊ မကြောက်နဲ့ အမေရှု ဒီမှာရှိတယ် ၊ မကြောက်နဲ့!"

မိခင်ရှု​၏ ခန္ဓာကိုယ်သည် အေးခဲသွားသလို ခံစားလိုက်ရသည်၊ သူမသည် သူ့သခင်မလေးကို စိတ်ပူ၍ အေးမြသောလေနုအေးတွင် အချိန်အတော်ကြာအောင် စောင့်နေခဲ့ပေမည်။ 

မိခင်ရှု၏လက်များသည် အေးစက်နေသဖြင့် မို့ရွှီတုန်းသည် သူမ၏ နှလုံးသားများ တုန်လှုပ်သွားသည်ကို တွေ့လိုက်ရသည်။  သူမသည် မိခင်ရှု၏ခါးကိုပတ်ပြီး နှုတ်ခမ်းကိုကိုက်လိုက်သည်။  သူ့ရင်ထဲက နာကျင်တဲ့ခံစားချက်ကို မျိုသိပ်ထားရင်း မိခင်ရှုကို နှစ်သိမ့်ဖို့ တိုးတိုးလေးပြောသည် ။

"မေမေရှု ၊ တို့နေကောင်းပါတယ်။ တုန်းအာ ဘာမှမဖြစ်ဘူး ။ နောင်မှာ တုန်းအာအတွက်နဲ့ ဘာမှမဖြစ်ပါစေနဲ့ ၊ အမေ့ရှု တုန်းအာအတွက် စိတ်မပူပါနဲ့တော့ "

"မမလေး နေကောင်းသရွေ့ အဆင်ပြေတယ် ။ ကျုပ်ရဲ့မမလေးက တကယ့်ကို ကြီးပြင်းလာပြီပဲ "

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now