International Play Boy Mg_16

Start from the beginning
                                    

အိမ်ရောက်တော့ မောင်လည်း ပြန်မရောက်သေးပါ။

ညစာကို အပြင်မှာစားခဲ့တာကြောင့် ရေမိုးချိုးပြီး အိပ်ယာကိုသာ တန်း၀င်ခဲ့တော့သည်။

....

ခပ်တင်းတင်းပွေ့ဖက်မှုက Taehyungကို နိုးထစေသည်။

မောင်မလား၊

မောင်ဆိုတဲ့အသိက သူရဲ့အာရုံတွေကို နိုးကြားစေသည်။

" Jungkook "

" သိရင်လည်း ငြိမ်ငြိမ်နေ ကျုပ်အိပ်ချင်နေတယ် "

မောင်ရဲ့ထိုစကားကြောင့် သူ၏အမေးစကားတို့ဟာ လည်ချောင်းထဲမှာတင်ပျောက်ရှသွားခဲ့ရသည်။

ခပ်တင်းတင်းဖက်ထားတဲ့ မောင်ရင်ခွင်ထဲမှာ ထိုညက သူအိပ်မရခဲ့။
အရင်ကဖက်အိပ်ဘူးပေမဲ့ ဒီညမှထူးထူးဆန်းဆန်းအိပ်မပျော်။

အဲဒါကြောင့် မောင့်မျက်နှာလေးကို မော့ကြည့်ကာ မောင်ချောမောမှုတွေကို စာတင်နေမိသည်။

မောင်ကလေ သူအတွက်အဲလိုလူမျိုးပါ။

ယောင်္ကျားလေးအချင်းချင်းတောင် ညွှတ်ကျနိုင်လောက်အောင် ချောတဲ့မောင်က အခုသူ့လူဆိုတာ မယုံနိုင်သေး။

သူ့လူဆိုတာတောင် မသေချာပေမဲ့
ငါကတော့ မောင့်လူပါ။

ငါကမောင်ကို ချစ်တဲ့လူ။
မောင့်လူ။

မောင့်ရင်ခွင်ကျယ်ကြီးထဲ တိုးဝှေ့ပြီး မောင့်ကိုယ်သင်းရနံ့လေး ရှုရှိက်ကာ

ငါတော့ မင်းကိုသိပ်ချစ်တာဘဲမောင်ရယ်

မင်းဘာတွေလုပ်နေလဲ ငါမသိဘူးမောင်
ဒါပေမဲ့ မင်းငါရှေ့မှာ ရှိနေဖို့ဘဲလိုတာပါ။
မေးခွန်းလည်း ထုတ်မှာမဟုတ်လို့ မောင်စိတ်ချမ်းသာသလို့နေပါ။
ငါကအဆင်ပြေတာမို့။

....

လင်းခါနီးမှာ အိပ်ပျော်သွားတဲ့ Taehyung

" Kim Taehyung ခင်ဗျားကျောင်းမသွားတော့ဘူးလား "

" အင်း အင်း သွားမှာ "

အိပ်ချင်မူးတူးနဲ့ ထပြီး

" နေပါဦး ရေချိုးခန်းက ဘယ်လိုလုပ်ဒီဘက်ရောက်သွားတာလဲ "

" ကျုပ်ရွေ့သွားထားတာ "

International Play Boy MgWhere stories live. Discover now