[와/과] [하고] [(이)랑] ♡

19 0 0
                                    

N + [와/과] or [하고] or [(이)랑] (နှင့်/နဲ့)

와 / 과 (နှင့်)
ယဥ်ယဥ်ကျေးကျေးပြောဆိုတာဖြစ်ဖြစ်
ဒါမှမဟုတ်စာအရေးအသားဆိုရင် သုံးတယ်
အသတ်သံမပါရင် 와
အသတ်သံပါရင် 과

하고 (နှင့်)
하고 ကလည်း 와 / 과 လိုပဲ (နှင့်)
informalဆန်ပြီးရိုင်းတာမျိုးတော့မဟုတ်ပေမယ့်
와 / 과 ယှဥ်လိုက်ရင်တော့less politeဖြစ်တယ်
စကားပြောတဲ့နေရာမှာဖြစ်ဖြစ်
စာအရေးအသားပဲဖြစ်ဖြစ်
ကြိုက်တဲ့နေရာမှာသုံးလို့ရတယ်

(이)랑 (နဲ့)
(이)랑ကြတော့မြန်မာလိုဆိုရင်
(နှင့်)ဆိုတာထက် (နဲ့)ဆိို​ရင်ပိုသင့်တော်မယ်
informalအနေနဲ့သုံးတာများတယ်
ရင်းနှီးတဲ့သူတွေ သူငယ်ချင်းတွေနဲ့
စကားပြောတာပဲဖြစ်ဖြစ်
စာပို့တာစာရေးတာပဲဖြစ်ဖြစ်သုံးတာများတယ်
အသတ်သံပါရင် 이랑
အသတ်သံမပါရင် 랑

#written_bykodywev ♡

Learn Korean ♡Where stories live. Discover now