ကျန်းရှုယောင်  သူ့ကို စောင်းကြည့်ကာမေးလိုက်သည်။

"ရှင်စားချင်နေတာတော့မဟုတ်ပါဘူးနော်"

ရှဲ့ရွှင်း၏ အမြဲတမ်း အမူအရာ ကင်းမဲ့နေသော မျက်နှာက ရုတ်တရက် အသက်ဝင်လာပြီး သူ့မျက်လုံးများက အလွန်အမင်း အံ့ဩမှုကြောင့် ပြူးကျယ်သွားသည်။

"...ရှင်ကလေးဆီက စားစရာလုမလို့လား"

ရှဲ့ရွှင်း သူမ၏စကားကြောင့် ဒေါသထွက်လွန်း၍   အံကြိတ်ကာ ဆိုလိုက်၏။

"ငါမလုပ်ဘူးးး..."

"ကျွန်မတို့ အရင်တစ်ခေါက်  ဆန်ခေါက်ဆွဲ  စားတုန်းကလည်း ရှင်လာစားတယ်လေ "

သူက ပြစ်မှု မှတ်တမ်းရှိသူဖြစ်သည်။

ရှဲ့ရွှင်းက ငယ်စဉ်ကတည်းက နှုတ်ရေးကောင်းသူဖြစ်သော်လည်း ယခုအချိန်တွင် စကားတစ်ခွန်းမှ မပြောနိုင်လောက်အောင် ဒေါသထွက်နေခဲ့သည်။ ဇွန်းကိုင်ထားသည့်ကောင်လေးနှစ်ယောက်က သူ့ကိုကြည့်နေသည်ကိုမြင်သောအခါ သူ့မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲသွား၏။

"ငါမဟုတ်ဘူး... ငါက အဲ့ဒီလိုလူမဟုတ်ဘူးးး..."

ဒီလိုမျိုးစွပ်စွဲချက်တွေကို သူဘယ်လိုများ လက်ခံနေရတာလဲ...

"ကောင်းပြီ... အဆင်ပြေပါတယ်"

ကျန်းရှုယောင်  သူ၏ပြင်းထန်လွန်းသည့် တုံ့ပြန်မှုကို မြင်ပြီး စနေသည်ကို ရပ်လိုက်သည်။

"မဟုတ်ဘူးဆိုရင် မဟုတ်ဘူးပေါ့"

"မဟုတ်ဘူးလို့... မင်းအသံကဘာဖြစ်နေတာလဲ"

ရှဲ့ရွှင်း၏မျက်နှာက နှင်းဆီဝါရောင်သန်းနေပြီး ယင်းက ချောမောသောမျက်နှာထက်တွင် အတော်လေးအံ့ချီးလောက်သော အရောင်အသွေးတစ်ခုဖြစ်တည်လာစေကာ သာမာန်တောင်ပေါ်မှ အမတတစ်ပါး၏ မြင့်မြတ်သောအသွင်အပြင်ထက် ပိုမိုလှပနေသည်။

ကျန်းရှုယောင်  သူ့ကို စိုက်ကြည့်ရင်း မျက်လုံးလှန်လိုက်၏။သူ့အလှကြောင့် သူမ တိတ်တိတ်လေး ကြိတ်သက်ပြင်းချမိလိုက်သည်။

ခေတ်ဟောင်းရောက် Foodie တစ်ယောက်၏ ရှင်သန်ခြင်းWhere stories live. Discover now