ယုမေမေမျက်စောင်းထိုးတာကိုမသိချင်ယောင်
ဆောင်ကာထွက်လာလိုက်သည်။မေမေဘာဖြစ်
ချင်တာသိပါတယ်ဒါပေမဲ့အခုချိန်မှာရုန်းကလွဲပီးဘယ်သူနဲ့မှမတွဲချင်ပါ။ယုမနက်စာစားလို့ပီးခါနီးကားသံကြားရပီးမကြာခင်မေမေကထမင်းစားခန်းထဲဝင်လာကာ

"မိယုညည်းဘာအချိုးချိုးတာလဲကိုညီ့ကိုစကားသေချာမပြောဘူးဟိုကသူဌေးနော်မောင်နှမ၂ယောက်
တည်းရှိတာရန်ကုန်မန်းလေးမှာလဲပိုင်ဆိုင်မှုကအများကြီးပိုင်ဆိုင်သမျှ  ကိုညီပဲရမှာတဲ့မမရီမှာအတွင်းပစ်
စည်းတွေလဲမနဲဘူးတဲ့ညည်းအတွေးမမှားနဲ့မမရီကဟိုတခါအိမ်လာတုန်းကသမီးကိုတွေ့ပီးသဘောကျလို့သူ့မောင်ကိုလွတ်လိုက်တာခုကိုညီကလဲသမီးကိုသဘောကျပုံပဲနော်နဲနဲစဉ်းစားပါအုံးသမီးရယ်"
"မေမေ့လူကဒီအသက်ရွယ်နဲ့အိမ်ထောင်မရှိဘူလား"
"ရှိတယ်တဲ့ကွဲတာ၁၀နှစ်ကျော်ပီတဲ့ကင်းကင်းရှင်းရှင်းရှိတယ်တဲ့"
"ဟား မေမေကလဲတခုလပ်ကြီးမယူချင်ပါဘူး"
"ဟဲ့သူ့မှာပစ်ချက်ရှိမှညည်းကိုဖူးဖူးမှုတ်မှာပေါ့ခုနင့်အကောင်နဲ့တာယူကြည့်ညည်းသူတို့အိမ်မီးဖိုချောင်ကတောင်ထွက်ရမှာမဟုတ်ဖူးသေချာစဉ်းစား"

ယုနဲနဲတော့တွေဝေသွားမိသည်။ယုကရုန်းကိုချစ်တာတခုထဲနဲ့တော့အဲ့လိုမနေနိုင်ပါဘူးအရာအားလုံးယုခြေယုလက်သာဖြစ်ချင်သူပါ။

"ဒေါက် ဒေါက် သားရေထတောလေမနက်စာစားရ
အောင်အောက်မှာဖေဖေစောင့်နေတယ်"
မေမေ့အသံကြားမှနိုးလာကာမျက်နှာသစ်ပီး
အောက်ဆင်းလာခဲ့သည်။ဖေဖေမေမေနဲ့အတူစားပီးတော့ဖေဖေကcompanyသို့ထွက်သွားမှမေမေက
"သားမေမေနဲ့စကားခနပြောရအောင်"
"ဟုတ်"
"ယုက သားရည်းစားလား"
"ဗျာ မေမေဘယ်လိုသိတာလဲ"
"မေမေ့မှာနားတွေရှိပါတယ် နောက်ပီးကောင်မလေးအမေရဲ့ကာရိုက်တာကိုမေမေ မကြိုက်ဘူးကျန်တာတော့သားဘာသာဆုံးဖြတ် နောက်ပီးမေမေနဲ့ဆုံ
ရင်တောင်ဘယ်ကောင်မလေးကိုဖြစ်ဖြစ်သားသူ
ငယ်ချင်းအနေနဲ့ပဲမိတ်ဆက်ပေးပါမင်းနဲ့မင်ဂလာ
ဆောင်ဖို့သေချာမှမေမေ့ကိုသေချာမိတ်ဆက်ပေးပါ"
"ဟာ မေမေကလဲယုကိုသားကလက်ထပ်ဖို့ရည်
ရွယ်ထားတာ"
"သားကခုမှပညာသင်တုန်းအဲ့တော့အိမ်ထောင်ပြုဖို
ကိတ်စခေါင်းထဲမထည့်နဲ့အုံး"
"ဟုကဲ့ပါယုကတော့လက်ထပ်ဖို့ရည်ရွယ်တာပါမေမေ"
"ညကသားအခန်းကိုလာရင်းနဲ့ သားတို့ပြောတာမေမေကြားပါတယ်မင်းမိန်းခလေးရဲ့သဘောကမေမေသဘောကျတဲ့သူမို့မင်းကိုအဆက်သွယ်ဖြတ်ခိုင်းတာတဲ့မင်းစဉ်းစားခုကဇန်တို့မိသားစုပဲနောက်လက်ထပ်ပီးမှမေမေတို့နဲ့မတည့်လို့မေမေတို့နဲ့ပါသေခန်းဖြတ်ခိုင်း
ရင်မင်းဘလိုလုပ်မလဲမေမေ့မှာသားတယောက်ပဲရှိတာသားကသာပစ်သွားရင်မေမေရင်ကွဲပီးသေမှာနော်"

"ဟာ မေမေကလဲယုကစိတ်တိုလို့ပြောတာပါမေမေတို့ကိုအဲ့လိုတော့မလုပ်ခိုင်းပါဘူး"
"ပြောလို့ရမလားဟဲ့ပီးတော့ဘာတဲ့ခြူးလေးကိုမရလို့နွယ်လေးကိုအရွယ်မရောက်သေးလို့ငါကစောင့်နေတာတဲ့ငါလဲတခါမှမပြောတဲ့ဟာကိုဒါပေမဲ့ခုတော့စိတ်ကူးရသွားပီနွယ်လေးကလွဲရင်ဘယ်သူ့မှချွေးမ မတော်
နိုင်ဘူးနော်ဘုန်းလက်ရုန်း"
"ဟာမေမေကလဲနွယ်လေးကခလေးပဲရှိသေးတာကို"
"ဘာခလေးလဲနောက်တနှစ် နှစ်နှစ်လောက်ဆို၁၈ပြည့်တော့မှာမေမေကနွယ်လေးပဲဘာမှလာမပြောနဲ"

လူကစိတ်မကြည်ပါဘူးဆိုအမေကဘာတွေပြောမှန်းမသိဘူး။သူပြောချင်ရာပြောဆိုပီးအနိုင်ပိုင်းပီးအပေါ်
တက်သွားသည်။ဖုန်းကလဲညကပေါက်ခွဲလိုက်တာသုံးမရတော့ဖုန်းဝယ်ဖို့သာထွက်လာလိုက်သည်။ဖုန်းဝယ်
ပီးဖွင့်လိုက်တော့ယုဆီကmiss callအများကြီးဝင်ထားတာတွေ့ရသည်။ကိုယ်လဲမပြတ်နိုင်တာမို့ယုဆီဖုန်းခေါ်လိုက်သည်။

💜💜💜
ယူတို့ရဲ့
Purple🥰🥰🥰

——————————————————————

ကျမစာတင်တိုင်းvoteပေးတဲ့စာဖတ်သူလေးတွေကောဒီအတိုင်းဝင်ဖတ်ပေးသူတွေရောcommentရေးပေးသူကောreview ရေးပေးသူအားလံုးကိုကျေးဇူးတင်ပါတယ်နော်

ခုရေးထားတဲ့အပိုင်းထိဖတ်ရတာအဆင်ပြေကြလားဟင်နောက်ကြောင်းပြန်တာပျင်းစရာဖြစ်နေလား
နောက်ကြောင်းပြန်မှာယုမိသားစုနဲ့ယုရဲ့character
လက်ရုန်းနဲ့နွယ်လေးတို့ရဲ့သံယောဇဉ်အတိမ်အနက်ကို
ရေးပြချင်တာပါပျင်းစရာကောင်းနေရင်ကျမအရေးအသားညံ့လို့ပါနော်ဆက်လက်အားပေးကြပါနော်
အကြံပြုစာလေးတွေလဲရေးပေးနော်ဒါဒါတို့ရဲ့မန့်လေးတွေကစာရေးဖို့အားဖြစ်စေလို့ပါ

ကျန်းမာရေးဂရုစိုက်ကြပါဒါဒါလေးတို့ရေ

ချစ်တဲ့
💜💜💜
ယူတို့ရဲ့
Purple🥰🥰🥰

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now