109. သူမကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေမည့် နေရာကောင်း

Start from the beginning
                                    

နာကြည်းမှုတစ်ခုက သူမနှုတ်ခမ်းထောင့်တစ်ဝိုက်ကို ပျံ့နှံ့သွားသည်။ 

နေရောင်ခြည်သည် အကိုင်းအခက်များပေါ်တွင် ပြန့်ကျဲနေသော်လည်း သူမနှလုံးသားထဲတွင် နွေးထွေးမှုလုံးဝမခံစားရပေ။  နေရောင်အောက်တွင် ပန်းတစ်ပွင့်ကဲ့သို့ လှပသိမ်မွေ့သော မိန်းကလေးတစ်ဦးသည် သစ်ရွက်ခြောက်များပေါ်တွင် ရပ်နေသည်။ 

သူမသည် ရှည်လျားပြီး မြွေလိမ်မြွေကောက်ဖြစ်နေသော သန်စွမ်းသော အကိုင်းအခက်များကို ကြည့်နေသည်။  မိန်းကလေးတစ်ယောက်နှင့် သွေ့ခြောက်နေသော သစ်ပင်တစ်ပင်ရှိနေသည်။  ထိုမိန်းကလေး၏ပုံရိပ်သည် လေနှင့်အတူ လွင့်ပျံလာသော သစ်ရွက်ကြွေကလေးများလို လူမသိသော တစ်နေရာသို့ ဆင်းသက်သွားသကဲ့သို့ ဖြစ်နေသည် ။ ဤငြိမ်းချမ်းသောမြင်ကွင်းတွင် လူတို့သည် စိမ်းလန်းမှုနှင့် အေးချမ်းမှုကို ခံစားကြရမည်ဖြစ်သည်။  သူ့မ၏ ဆံပင်များအပေါ် သစ်ရွက်များကြွေကျနေပြီး ရင်သပ်ရှုမော လှပသည် ။ 

နံရံတစ်ခုရဲ့နောက်ကွယ်တွင် ဖန်ယုလန် ဖြတ်သွားခဲ့တယ်။  နူးညံ့သော အပြုံးတစ်ခုက သူ့မျက်လုံးထောင့်များဆီသို့ လွှမ်းသွားသည်။  သူသည် ကျောက်ပန်းတောင်း ဥယျာဉ်ဘေးမှာ ရပ်ရင်း မို့ရွီတုန်း ရှိသော နေရာကို တိတ်တဆိတ် တွေးကြည့်နေတယ်။ 

"ညီမတုန်း ၊ မင်းက ဘာလို့ အခန်းထဲက အမြန်ထွက်လာတာလဲ။ မင်း အခု ကျန်းမာရေးကသိပ်မကောင်းလို့ တခြားသူတွေကို စိတ်မပူစေနဲ့" 

သိမ်မွေ့သောအသံ နှင့် အလွန်အမင်းစိုးရိမ်နေသောအသံသည် နံရံကိုဖြတ်ကာ ထွက်ပေါ်လာပြီး နံရံဘေးမှလူနှစ်ဦးကို ထိတ်လန့်စေခဲ့သည်။  ထိုအသံက မို့ရွှီတုန်းရဲ့ အတွေးတွေကို ရပ်တန့်သွားစေပြီး သတိပြန်လည်လာစေခဲ့တယ် ။

သူမ လှည့်ကြည့်လိုက်တော့ ယုစီလုံကပြုံးပြနေခဲ့တယ် ။ သူမ ခေါင်းညိတ်လိုက်သည်။

မိုအိမ်တော်တွင် သူမတို့လမ်းခွဲခဲ့ကြသည့် နောက်ဆုံးအကြိမ်ကတည်းက ယခုတစ်ကြိမ်သည် ပထမဆုံးတစ်ကြိမ်အဖြစ် ယုစီလုံက  သူမအား အာဃာတတစ်စုံတစ်ရာမရှိဘဲ ဖော်ရွေစွာ နှုတ်ဆက်လိုက်ခြင်းပင်။
ယုစီလုံက သရုပ်ဆောင်ချင်တာကြောင့် မို့ရွှီတုန်းကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now