- 1 -

359 23 0
                                    

|Unicode|

အိပ်မက်တဲ့...။ လူတိုင်းလူတိုင်း အနည်းဆုံးအိပ်မက်တစ်ခုမက မက်ဖူးတဲ့သူချည်းပါပဲ။ အချို့အိပ်မက်တွေက အနှောင့်အယှက်တွေဖြစ်ပြီး အချို့အိပ်မက်တွေကတော့ သွေးလေခြောက်ခြားပြီးမက်လေ့ရှိကြတယ်။ အင်း..အိပ်မက်တစ်ခုထဲကို ထပ်တလဲလဲ ပြန်မက်နေရင်တော့ အဲဒီအိပ်မက်ဟာ အတိတ်ဘဝနဲ့သော်လည်းကောင်း၊ ပစ္စုပ္ပန်ဘဝမှာသော်လည်ကောင်း ဆက်နွယ်နေလိမ့်မယ်။

[ဤ fiction ပါအကြောင်းအရာများသည် စာရေးသူ၏အိပ်မက်အပိုင်းအစတစ်ခုကို စိတ်ကူးဖြင့်ပေါင်းစပ်ကာပုံဖော်ထားခြင်းဖြစ်သည်။ ထို့ပြင် မည်သူတစ်ဦးတစ်ယောက်၊ မည်သည့်သမိုင်းကြောင်းကိုမှ ထိခိုက်စေလိုခြင်းမပါ။ ဤ fiction ထဲ၌ ပါဝင်သော လူ၊မြို့ နာမည်အစရှိသဖြင့်သည်လည်း ပြင်ပ၌ရှိမနေနိုင်ပါ]

ညသည် တိတ်ဆိတ်၍ နေ၏။ တစ်ချက်တစ်ချက် ပုစဥ်းအော်သံအချို့ ကြားရသည်။ လေတိုးသံတို့ကိုကြားရသည်။

"ဒါဘယ်နေရာလဲ ဒီအဆောက်အဦးတွေကရော ငါဘယ်နေရာရောက်နေတာလဲ"

တိတ်ဆိတ်နေသော အခန်းငယ်လေးတစ်ခုအတွင်း၌ မှိန်ပျပျ ညအိပ်မီးအိမ်လေး၏ အလင်းရောင်လေးသာ ဖြန့်ကျက်နေသည်။ ထိုအခန်းငယ်တစ်ခုအတွင်းရှိ အိပ်ရာထက်မှ မိန်းကလေးတစ်ယောက်သည် မျက်လုံးတို့ကိုမှိတ်ထားသော်လည်း နှုတ်ခမ်းမှမေးခွန်းများ ရေရွတ်နေသည်။

"ဒီနေရာကိုဘာလို့ငါကရင်းနှီးနေရတာလဲ"

သူမ၏ မှိတ်ထားသောမျက်ခွံများက ရုတ်တရက်ဖွင့်ဟကာ ထထိုင်လာသည်။ မဲနက်ပြီးကော့နေသောမျက်တောင်ရှည်တို့၏ အောက်ရှိ မျက်ဝန်းကတော့ စိတ်ရှုပ်နေသယောင် ထင်ရသည်။

"ကျစ် ထပ်ပြီးဒီအိပ်မက်ပဲမက်ပြန်ပြီ"

တိတ်ဆိတ်နေသော အခန်းငယ်လေးအတွင်း၌ ဆူညံသံဟူ၍ တချောက်ချောက်မြည်နေသော စားပွဲတင်နာရီလေးသာရှိပြီး အရာရာသည် တိတ်ဆိတ်ငြိမ်သက်နေသည်။

"ဘာလဲကွာ အမြဲတမ်း၃နာရီနဲ့၄နာရီကြားဆိုရင် ဒီအိပ်မက်ကိုပဲမက်ပြီး ဘာလို့လန့်လန့်နိုးနေရတာလဲ"

ဟိုး...ပြာသာဒ်နန်းဆီကحيث تعيش القصص. اكتشف الآن