International Play Boy Mg_12

Começar do início
                                    

တော်သေးတာပေါ့။ သူကကျန်းမာတဲ့ လူငယ်ဖြစ်နေလို့။ မဟုတ်ရင် မောင်နဲ့မဖြစ်ဘူးရယ်။

Jungkookအကြောင်းတွေးမိယုံနဲ့ နာနေရင်းတောင် အပြုံးတွေပွင့်ဖူးလာတဲ့ Taehyung

အခြားလူတစ်ယောက်သာ မြင်ရင် Taehyungဟာ အရူးတစ်ယောက်လို့ပေ။

ဟုတ်ပါ၏။သူဟာအရူးပါ၊ သူမြတ်နိုးရတဲ့ မောင်ကြောင့်လေ။

Taehyungတစ်ယောက် ရေချိုးခန်းထဲမှာ သန့်စင်ကာဆေးလိမ်းလိုက်သည်။
ဆေးလိမ်းရတာ မလွယ်ပေမဲ့ မောင်ကို ဒုက္ခမပေးချင်တာကြောင့် ကိုယ်ဘာကိုယ်သာ လိမ်းလိုက်ချင်ပင်။

ကြည့်မှန်ထဲက မြင်ရတဲ့ သူခန္ဓာကိုယ်ကအမှတ်တွေအနီကွက်‌တွေ မရမ်းပုပ်အကွက်တွေက ထင်းနေလေသည်။

မောင်ပေးတာမို့ သဘောကျပါသည်။

Min Yaungပြောတာမှန်တယ် မောင်ကသူ့လူဘဲဖြစ်ရမယ်။ သူမောင်ကိုနောက်ဆုံးအချိန်ထိ ဖက်တွယ်ထားမှာ။

ရေချိုးခန်းထဲက ထွက်လာတော့ မောင်ကအိပ်နေတုန်းရယ်။
မောင်အိပ်နေပုံလေးက တကယ်ကလေးသဖွယ်။
မောင်ကငါ့ကလေးလေးပေါ့။

ဪ ပြုံးမိပြန်ပြီ ‌မောင်ကြောင့်

မောင့်ဗီရိုထဲက မောင့်အင်္ကျီတစ်ထည်ကောက် ၀တ်လိုက်သည်။

မောင်အင်္ကျီအပွကြီး ၀တ်ထားတာကြောင့် ပေါင်လယ်ထိအောင်ရောက်နေသည်။
အောက်ပိုင်းက နာကျင်နေတာကြောင့်
သူဘောင်းဘီမ၀တ်တော့ပါ။

မနက်စာအတွက်တစ်ခုခု ပြင်ဆင်ရန် မီးဖိုခန်းထဲ၀င်လာလိုက်သည်။

မီးဖိုခန်းထဲ၀င်လာပေမဲ့ ဘာလုပ်ရမှန်းမသိ
သူမှဟင်းမချက်တက်တာ။
မောင့်အတွက် ဟင်းချက်ပေးချင်ပါတယ်ဆိုနေမှကို။

Taehyungဘ၀မှာ ဟင်းမချက်တက်တာကို ပထမဆုံးနောင်တရခြင်းပါ။

မှာလိုက်ရင်ရတာဘဲ။
နောက်ကျရင်တော့ ဟင်းချက်သင်ထားရမယ်။

Taehyungလည်း Jin Hyungကို ဖုန်းဆက်ကာ စားစရာတချို့မှာလိုက်သည်။

...

Jungkookနိုးလာတော့ ဘေးကိုလက်စမ်းမိတာ ဟိုလူရှိမနေပါ။

Jungkookလန့်သွားကာ ထတောင်ထိုင်မိသည်ထိပင်။

International Play Boy MgOnde histórias criam vida. Descubra agora