International Play Boy Mg_9

Start from the beginning
                                    

ဒီနေကျောင်းပိတ်လေသည်။

အခန်းအပြင်ကထွက်ပြီး အိမ်ထဲ ဟိုလျှောက်ရင်းဒီလျှောက်ရင်းနဲ့ မီးဖိုခန်းကိုတွေ့တော့ Jungkookတစ်ယောက် ဟင်းချက်နေလေ၏။

တော်တော်ကြည့်ကောင်းတာဘဲ

" လာလေ Kim Taehyung "

" အော "

Jungkook ပြင်ထားပေးတဲ့ မနက်စာက
ထမင်းပူပူလေးရယ် ၀က်သားသုံးထပ်သားကြော်ရယ် ကြက်ဥကြော် အမူးပြေပဲပင်ပေါက် ဟင်းရည်လေးပင်။

Jungkookက တကယ်တကယ်ကို ဟင်းချက်ကောင်းတာဘဲ

" So good "

ထမင်းကို ပလုပ်ပလောင်းစားနေရင်း လက်မလေး ထောင်ပြတဲ့ Kim Taehyung ကြောင့် Jungkookမှာ ‌ပြုံးမိပါသေးသည်။

ရုတ်တရက်ကြီး ဟင်းချက်တက်တာတောင် ပျော်သွားသလိုပေ။

" စားရတာ ကောင်းတယ်မလား "

So goodဆိုပြီး လက်မထောင်ပြထားတာတောင် ထပ်ကြားချင်တာကြောင့် ထပ်မေးလိုက်ခြင်းပေ။

" တအား တအားကိုကောင်းတာ ဝိုးးး မထင်ရဘူး မင်းဟင်းချက်တက်တာဘဲ "

မျက်လုံးလေးက အရောင်လဲ့ကာ မျက်နှာကြောတွေပါ လှုပ်ရှားပြီး လက်တကားကားနဲ့ ပြောပြနေသူမှာ တည်ငြိမ်လှတဲ့ Kim Taehyungမဟုတ်တဲ့ အတိုင်း။

" အင်း "

တစ်လုပ်စားတိုင်း လက်မလေးပြပြနေရသည်သော Kim Taehyungမှာ အမော။

" Kim Taehyung "

" အင်း "

" ကျွန်တော်တို့ dateရအောင် "

" ဟမ် အဟွတ်~~အဟွတ်~~~ "

ဟင်းရည်သောက်နေတဲ့ Kim Taehyungမှာ သီးလုလု။

" သတိထားလေ ခင်ဗျားရယ် "

ပုဝါ နဲ့ Taehyungနှုတ်ခမ်းဘေးတစ်ဝှိုက်က ပေနေတဲ့ ဟင်းရည်တွေကို ဂရုတစိုက်သုတ်ပေးနေတဲ့ Jungkook

" အဟမ်း ရ ရတယ် ကိုယ်ဘာကိုယ်သုတ်မယ် "

လက်ထဲက ပုဝါကို လုသွားတဲ့ Kim Taehyung
ပါးလေးတွေ နားရွက်ဖျားလေး‌တွေ နီရဲလို့

ဒီလူရှက်နေတာလား
အဟား Kim Taehyungရယ်

" အဲတော့ ခင်ဗျားမသွားချင်ဘူးလား "

International Play Boy MgWhere stories live. Discover now