အပိုင်း[၃]

1.7K 122 12
                                    

"မမက လမင်းကိုမြင်တယ်ဟုတ်လား"

"ဟုတ်တယ်ဆို...ဘာလို့ပြန်မေးနေတာလဲ"

မမကကိုယ့်အမေးအားစိတ်ရှုပ်ဟန်နှင့်ပြန်ပြောသည်။မမကစိတ်မရှည်တတ်မည့်သူမျိုးဖြစ်လိမ့်မည်။

မျက်နှာငယ်လေးဖြင့်မမအား...

"လမင်းကမမ မမြင်လောက်ဘူးထင်လို့အံ့ဩသွားလို့ပါ"

"အခုဆိုတို့ကမင်းရဲ့ဆရာမနော်...အပြင်မှာမမလို့ခေါ်လို့အဆင်ပြေပေမဲ့ကျောင်းမှာ‌ေတာ့ဆရာမဖြစ်ဖြစ်တီချယ်ဖြစ်ဖြစ်တစ်ခုခုခေါ်ပါ"

"ဟုတ်ကဲ့"

သွေးပြောလိုက်တော့ခေါင်းကလေးငုံ့သွားကာ'ဟုတ်ကဲ့'ဟုပြန်ပြောသောကောင်မလေးအားကြည့်ကာ စိတ်ထဲနည်းနည်းတော့သနားသလိုဖြစ်သွားသည်။
သွေးရဲ့ပင်ကိုစရိုက်ကိုက အေးအေးဆေးဆေးနေတတ်သူပင်ဖြစ်သည်။အပေါင်းသင်းဆိုလည်းများများစားစားမထားခဲ့ပါ။ငယ်ငယ်ကတည်းကပေါင်းလာခဲ့သောမိန်းကလေးသူငယ်ချင်းနှစ်ယောက်သာရှိပေသည်။အခုလည်းသွေးအား'မမ'ဟုခေါ်ကာသွေးနှင့်လာလာရောနေသောကောင်မလေး‌ေကြာင့်အလိုမကျစိတ်ဖြစ်ရသည်။

"မမ..အယ်..မှားလို့ တီချယ် လမင်းပြန်တော့မယ်နော်"
မမဟုခေါ်ပြီးမှမမခုနကပြောလိုက်သောစကားကြောင့်တီချယ်ဟုကျွန်မပြန်ပြောင်းသုံးလိုက်ပါသည်။

ထွက်သွားသောကောင်မလေးအားကြည့်ရင်းစိတ်ထဲအားနာသလိုတော့ဖြစ်မိပါသည်။သို့သော်ဘာမှတော့ပြန်မပြောခဲ့။

"အိမ်ဘက်လာပြီးဘာမှလည်းမဟုတ်ဘူး။အခုကျပြန်သွားပြီ။
ဘယ်လိုအူကြောင်ကြောင်‌ေကာင်မ‌လေးပါလိမ့်"

***

"တီချယ်ဝင်ခွင့်ပြုပါ"
အခန်းပေါက်ဝကနေလှမ်းပြီးခွင့်တောင်းလိုက်ပါသည်။ဘေးမှာလည်းသူငယ်ချင်းနှစ်ယောက်ပါလေသည်။ကျောင်းဖွင့်တာတစ်ပတ်လောက်ပဲရှိသေးပေမဲ့ သူငယ်ချင်းများကလည်း‌ေဖာ်ရွေသဖြင့်ကံကောင်းသည်ဟုဆိုရမည်။
မနက်စာမစားခဲ့သဖြင့်ဗိုက်ဆာ၍ မုန့်စားနားတုန်းကျောင်းကန်တင်းသို့သူငယ်ချင်းများနှင့်မုန့်သွားစားလိုက်သည်။
နောက်ဆုံးတစ်ချိန်ကအင်္ဂလိပ်အချိန်ဖြစ်သည်။ဖြစ်ချင်တော့မိမိတို့အဖွဲ့၅မိနစ်နောက်ကျပြီးမှရောက်လာကြသည်။ဆရာမ
မဝင်‌ေလာက်သေးဘူးဟု ထင်ထားသော်
လ ည်း စည်းကမ်းကြီးပြီးအချိန်တိကျသောမမက‌ေရာက်နှင့်‌ေနသည်။

အချစ်များ၏နောက်ကွယ်[U+Z]Where stories live. Discover now