အပိုင်း[၇]

2.9K 181 4
                                    

ဒီနေ့အတွက် စာသင်ချိန်ကနောက်ဆုံးတစ်ချိန်သာကျန်တော့သည်။ကျန်နေတဲ့တစ်ချိန်ကလည်း မမ၏အချိန်ဖြစ်နေသည်။ဒီနေ့ထူးဆန်းစွာပဲ‌ရှေ့ကဆရာထွက်သွားလို့
၁၀မိနစ်ရှိနေပြီကို မမကရောက်မသေးပါ။ဘယ်တုန်းကမှနောက်မကျဖူးသောမမက ဒီနေ့တော့အခုထိပေါ်မလာသေးတော့
မလာတော့တာများလားဟုထင်လိုက်မိသည်။

အတန်းထဲက ဟိန်းဇေယျဆိုတဲ့ကောင်လေးက မိမိအားသဘောကျနေ‌သောကောင်လေး
ဖြစ်သည်။အခုလည်းဆရာမ မလာသေးသည်ကိုအခွင့်ကောင်းယူကာ မိမိတို့ အတန်းနားရစ်သီရစ်သီလုပ်နေသည်။ကံကောင်းသည်က မိမိတို့အဖွဲ့ကနောက်ဆုံးအတန်းမှာဖြစ်လို့ လူတော်တော်များများကတစ်ခုခုဆိုမသိနိုင်ပါ။မဟုတ်ရင်အနည်းငယ်ဗရုတ်ကျနေလိမ့်မည်။

"လမင်း ကျွန်‌တော့်
Accလေးလက်ခံပေးပါလား။ကျွန်တော်addedထားတာတစ်ပတ်ရှိပြီ။လမင်းလက်ခံမပေးသေးလို့"

သူ့ဘက်ကကိုယ့်ကိုသဘောကျနေသည်အား တိုက်ရိုက်မပြောဖူးသေးပါ။ခန့်သစ်တို့ ထက်ရှိန်းတို့ပြောပြ၍သာကျွန်မသိထားခြင်းဖြစ်သည်။အဲ့ဒါကြောင့်လည်းကျွန်မအနေနှင့် ခါးခါးသီးသီးငြင်းဖို့လည်းအဆင်မပြေပါ။

"ဟုတ်ကဲ့ ဘယ်accလည်းမသိဘူး"

"ဟိန်းဇေယျaccလေ English nameနဲ့ပါ"

"အင်းပါ လမင်းလက်ခံလိုက်ပါမယ်"

"မင်္ဂလာပါ ကလေးတို့"

ထိုကောင်လေးနဲ့စကားပြောနေရင်းဘယ်ကတည်းက‌ေရာက်‌ေနတယ်မသိတဲ့မမကနှုတ်ဆက်စကားပြောလိုက်ခြင်းဖြစ်သည်။ထိုအခါမှထိုကောင်လေးကသူ့နေရာသူပြန်ရောက်သွားသည်။ကိုယ်လည်းကြောက်ကြောက်လန့်လန့်နဲ့ထရပ်ပြီးနှုတ်ဆက်လိုက်ရသည်။အခြားဆရာမဆိုလန့်မှာမဟုတ်‌ပေမဲ့ မမဖြစ်နေလို့လန့်နေမိခြင်ဖြစ်သည်။ဟိုကောင်လေးနဲ့စကားပြောနေတာကိုမြင်သွားသေးလားဟုလည်းစိတ်ထဲထင့်နေမိသည်။ဘာကြောင့်ရယ်မသိပါ။မမ၏အမြင်မှာကိုယ့်အားခပ်ရှုပ်ရှုပ်ကောင်မလေးအဖြစ်မမြင်စေချင်တာတော့အမှန်ပင်ဖြစ်သည်။

" မနေ့ကပေးလိုက်တဲ့အိမ်စာလုပ်ခဲ့ကြတယ်မဟုတ်လား"

"လုပ်ခဲ့ပါတယ်"
တစ်တန်းလုံးကသံပြိုင်အော်ပေမဲ့ကိုယ်တော့မပါခဲ့။အိမ်စာ မလုပ်ရသေးပါ။တမင်မေ့ထားတာတော့မဟုတ်။ဘယ်လိုကဘယ်လိုဖြစ်ပြီးမေ့သွားတယ်မပြောတတ်တော့။မမကသူအိမ်စာပေးရင်လုပ်မှကျေနပ်သည်။မလုပ်လာလျှင်သူ့ကိုမ‌ေလးမစားလုပ်သည်ဟုသတ်မှတ်သည်။အမြဲတမ်းမဟုတ်‌ေပမဲ့တခါတရံသူ‌ေပးလိုက်‌ေသာအိမ်စာများအားထပ်ခိုင်း‌ေလ့ရှိသည် ။ကိုယ်သာစာလုပ်မလာခဲ့မှန်းသိရင် ကိုဘယ်လိုများတွေးထင်သွားမလဲမသိပါ။ဒီနေ့တော့ ကံကောင်းစွာနဲ့မထပ်ခိုင်းဖို့ ကြိတ်ပြီးဆုတောင်းမိပါသည်။

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now