အပိုင်း[၁]

6.1K 149 6
                                    

လူတွေဟာ အချစ်နဲ့ထိတွေ့တဲ့အခါ အမှားအမှန်၊အဆိုးအကောင်းမခွဲခြားတတ်ကြဘူးဆိုတဲ့ စကားကို အစကမယုံခဲ့ဘူး။အင်မတန်မုန်းစရာ‌ကောင်းတဲ့အတွေးတွေက'အချစ်'ဆိုတဲ့ခေါင်းစဉ်အောက်မှာပေါက်ဖွားလာတတ်သတဲ့။ဟင့်အင်း...ဒီစကားကိုလက်မခံခဲ့ပါဘူး။ဒါဟာ မိုက်ရူးရဲဆန်တဲ့လုပ်ရပ်တစ်ခုလို့ပဲမြင်ခဲ့တယ်။ဘာလို့ဒီလိုပြောရသလဲဆို အဲ့ဒီအချိန်တွေတုန်းကအချစ်ဆိုတဲ့အရာကိုကိုယ်တိုင်မှမကြုံဖူးခဲ့ပဲကို။
'အချစ်ဆိုတာကရောဘယ်လိုလဲ..တကယ်ရောရှိရဲ့လား'ဟုပင် သံသယဝင်ခဲ့မိသေးသည်။အကယ်၍တစ်စုံတစ်ယောက်ကြောင့် ဘဝမှာအချစ်ဆိုတဲ့အရာပေါက်ဖွားခဲ့ရင်တောင် အဲ့ဒီအပေါ်မှာ ဘယ်လိုမိုက်မဲမှုမျိုးကိုမှမကျူးလွန်နိုင်ပါဟု ကိုယ့်ကိုယ်ကိုယ်သံဓိဌာန်ချခဲ့သေး၏။
တစ်စုံတစ်ယောက်အပေါ်မှာလည်းကိုယ့်ကိုယ်ကိုယ်ထက်ပိုမချစ်ဖို့ ကိုယ်တိုင်အမြဲဆုံးမခဲ့သေးတာပဲလေ။အဟင်...ဒါတွေဟာတစ်စုံတစ်ယောက်ကိုမတွေ့ခင်၊မချစ်မိသေးခင်အချိန်တွေကပေါ့။တစ်စုံတစ်ယောက်ကိုချစ်မိသွားခဲ့တဲ့အချိန်မှာ ထိုအတွေးတို့ပြောင်းလဲသွားခဲ့သည်။'အဲ့ဒီလူကိုပိုင်ရမည်။အဲ့ဒီလူဟာကိုယ့်အပိုင်သာဖြစ်ရမည်။ကိုယ်ကလွှဲပြီးဘယ်သူမှမပိုင်စေရ'ဟူသော ခပ်ညစ်ညစ်အတွေးတို့ကဦးနှောက်တွင်သန္ဓေတည်လာခဲ့သည်။
အဲ့ဒီမကောင်းတဲ့အတွေးတွေနှင့်အတူ လူတစ်ယောက်၏နှလုံးသားကို လှည့်ဖျားချနင်းခဲ့သည်။တစ်စုံတစ်ယောက်ကိုလည်းလူတစ်ဦးထံမှ အရှက်မဲ့စွာလူယူခဲ့မိသေးသည်။
လူ့စိတ်ဟာ အင်မတန်မှနားလည်ရခက်စေပြန်တယ်။ထိုလုပ်ရပ်ကိုကျူးလွန်ဖို့ကြိုးစားချိန်မှာနောင်တရစိတ်၊ရှက်စိတ်တို့တစိုးတစိမှမရှိ၊ အရှက်မဲ့စွာ အချစ်နွံမှာနှစ်နေခဲ့၏။ဒီလိုနဲ့ပဲကိုယ်ဟာဗီလိန်တစ်ယောက်ဖြစ်ခဲ့ရသည်။

****

၁၀တန်းအောင်ပြီးပထမနှစ်တက်ခါနီးမှာပင် ဖေဖေ့၏စက်ရုံရှိရာရန်ကုန်မြို့သို့ မိသားစုလိုက်ပြောင်းရွှေ့ဖြစ်ခဲ့သည် ။တခါတခါစဉ်းစားမိသည်။တကယ်လို့ဒီကိုသာမလာဖြစ်ခဲ့ရင်သူနဲ့ဆုံတွေ့ခွင့်ရပါ့မလားဆိုတာပါပဲ။အကယ်၍မဆုံဖြစ်ခဲ့ရင် မိမိအတွက်အချစ်ဆိုတဲ့အရာပေါ်ပေါက်ခဲ့ပါ့မလားဟုအကြိမ်ကြိမ်တွေးမိသေးသည်။သေချာတာတော့ ပေါ်ပေါက်ခဲ့မည်မထင်ပါ။မိမိ၏နှလုံးသားဟာ ထိုသူတစ်ယောက်အတွက်သာဖြစ်ခဲ့သည်။မိမိရဲ့ရင်ခုန်သံတွေဟာထိုသူနဲ့မှဖြစ်တည်လာခဲ့သည် ။

အချစ်များ၏နောက်ကွယ်[U+Z]Where stories live. Discover now