International Play Boy Mg_8

Start from the beginning
                                    

‌ဓာတ်လှေကားနဲ့တက်ရသည်ဖြစ်သဖြင့် Kim Taehyungက ရှေ့က ကော့တော့ကောတော့နဲ့ ၀င်သွားလေသည်။
သူလည်း အနောက်ကနေလိုက်၀င်လိုက်၏

ဓာတ်လှေကားတံခါးပိတ်ခါနီးမှာ လာတားလက်တစ်စုံ

ကောင်လေးငယ်ငယ်ချောချောလေးပေ။
အဲကောင်လေးက Kim Taehyungကိုမြင်တော့

" Taetae Hyung "

ဒီနေ့အတွက် Taetae Hyungတွေ တော်ပါတော့။

" LuLu "(လုလု)

Kim Taehyungရဲ့ ရင်းနှီးသလို ခေါ်သံကြောင့် Jungkook အဲLuLuဆိုတဲ့ ကောင်လေးကို ကြည့်တော့
နုနုနယ်နယ်ပုံစံလေးပင်။

Jungkookက ဒါမျိုးမကြိုက်ပေ။

နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ဆက်တွေးသည်။

အသားအရည်က ဖြူရောဖြူဖတ်
လူကလည်း ပိန်ညှောင့်နေတာများ တုတ်ချောင်းလားဘဲ
မျက်နှာက ကလေးရုပ်နဲ့ မျက်လုံးတွေကလည်း အကြီးကြီးဘဲ။

ဒီLuLuဆိုတဲ့ ကောင်လေးကို မကြိုက်ရဆုံးအချက်မှာ Kim Taehyungကို မြင်တော့ မျက်လုံးကြီးကြီးတွေက တောက်ပရွန်းလဲနေတာများ
မျက်ကွင်းညိုအောင် ရိုက်ခွဲချင်စရာရယ်။

" LuLu ကျောင်းကပြန်လာတာလား "

" ဟုတ်တယ် Taetae Hyung ရဲ့ Hyungကရော ကျောင်းကပြန်လာတာလား "

ဘယ်ကပြန်လာလာပေါ့ သူအလုပ်လား

Jungkookစိတ်ထဲမှာ ဆူညံနေပေမဲ့ အပြင်မှာတော့ ဆက်ပြောမဲ့စကားလုံးတွေကိုသာ ဂရုတစိုက်နားစွင့်နေလေသည်။

" မဟုတ်ပါဘူးကွာ Hyungကျောင်းလစ်လာတာ "

" Taetae Hyungကတော့လေ တကယ်ဘဲ စာလေးကြိုးစားပါဦး Taetae Hyungရဲ့  "

" ဟုတ်ပါပြီ Hyung Nimရယ် "

" Taetae Hyung အိမ်တောင်မရောက်တာကြာပြီနော် နောက်နေ့လာလည်ဦးမယ်နော် "

" လာလေ Mochiကတော့ မရှိဘူး "

" Jimin Hyung ကဘယ်သွားလို့လဲဟင် "

စကားပြောနေတဲ့အသံကိုက ချွဲပစ်နေတာဘဲ။ အော့ အော့

" Mochiက သူငယ်ချင်းတစ်ယောက်အိမ်သွားနေတာလေ "

" ဪ ဒါနဲ့ ဒီဘက်ကလူက Taetae Hyungသူငယ်ချင်းလား "

" သူက- "

International Play Boy MgWhere stories live. Discover now