အပိုင်း(၂၆)

Start from the beginning
                                    

လင်ရှန်းတစ်ယောက် တောင်စဉ်ရေမရနဲ့ ပေါက်ပန်းလေးဆယ်တွေ လျောက်ပြီးပြောနေခဲ့စဉ် တုဟောင်တစ်ယောက် စိတ်​တွေရှုပ်ထွေးနေခဲ့ပါတယ်။

'တော်တော်ကြီးကိုပဲ ဆင်လိုက်တာ၊ တကယ့်ကိုပဲ တူနေတာပဲ!'

လင်ရှန်းရဲ့မျက်နှာကို အနီးကပ်ကြည့်ရှုမိလိုက်တဲ့အခိုက်တွင် တစ်ချိန်တုန်းက သူ ချစ်မြတ်နိုးခဲ့ဖူးတဲ့ နန်းတွင်းသူလေးတစ်ယောက်နဲ့ ရုပ်ချင်းဆင်တူနေတာကို တုဟောင် သတိထားမိလိုက်သည်. ထို့ကြောင့် စုန့်လောင် နဲ့ တွေ့ဆုံလိုက်တဲ့ အချိန်တိုင်းပဲ မရည်ရွယ်ခဲ့ဘဲ သူ့ရဲ့ လှုပ်ရှားမှုတွေ အကုန်လုံးကို သူ သတိထားမိနေခဲ့သည်။

သို့ပေမယ့်လည်း စုန့်လောင်က သူချစ်မြတ်နိုးမိသွားခဲ့တဲ့ မိန်းကလေး မဟုတ်တာတော့ ကျိန်းသေပါတယ်. တကယ်တော့ စုန့်လောင်က ယောက်ျားလေး တစ်ယောက်ပဲလေ၊ သူတို့နှစ်ယောက်က ရုပ်ချင်းဆင်နေခဲ့ရုံနဲ့တော့ သူ့ ခံစားချက်ကို မရောထွေးနေသင့်ဘူးပဲ. ဒီလိုဖြစ်နေတာက သူ့ပုံစံတော့ လုံးဝ မဟုတ်ဘူးပဲ။

ရလဒ်တစ်ခုအနေနဲ့ကတော့ သူ စုန့်လောင်ကို တွေ့လိုက်တဲ့ အကြိမ်တိုင်း အကြိမ်တိုင်းစီမှာ စုန့်လောင်အပေါ်တွင် တမင်တကာပင် ညှာတာမှုမရှိစွာ မတရားသဖြင့် ဆက်ဆံမိခဲ့သည်. စုန့်လောင် ကို သူ စနောက်ပြီးတော့

လူရယ်စရာဖြစ်အောင်ပဲ လုပ်ချင်နေမိသည်. ဒါမှသာ သူ့ကို အမှတ်မထားမိစေမှာ ဖြစ်လို့ပါ. သို့သော်လည်း သူ ပိုပြီးမေ့ပစ်ဖို့ ကြိုးစားလေလေ သူ‌ မေ့ဖို့ခက် လေလေ ပဲ ဖြစ်သွားတယ်. ဒီအချိန်အခိုက်တန့်တွင်တော့ သူ နှစ်သက်မြတ်နိုးရ​တဲ့ မိန်းကလေးနဲ့ စုန့်လောင်က ရုပ်ချင်းဆင်နေတယ်ဆိုတဲ့ ထူးခြားဆန်းကြယ်တဲ့အတွေးတစ်ခု တွေးထင်မိသွားသည်။

မြေကျင်းတစ်ခုလုံးက တဖြည်းဖြည်းချင်း မှောင်ရိပ်သန်းကာ မှောင်မဲလို့လာပါပြီ. သူ့ရဲခေါင်းပေါ်ကို ကျောက်ခဲတွေပြုတ်ကျ၍ ရိုက်မိထားခဲ့တာကြောင့် သူ့ ခေါင်းထဲတွင် မူးဝေနောက်ကျိနေဆဲပင်ဖြစ်သည်. ယောက်ျားလေးသဘာဝအတိုင်း သူ့ရဲ့နှာခေါင်းထိပ်ဝမှ သွေးတွေက ပူ​နွေးလျှံတတ်လာကာ သူ့ရဲ့အတွေးတွေက ပရမ်းပတာဖြစ်သွားပြီး ထိန်းချုပ်မှုလွတ်ကင်းသွားခဲ့သည်. သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ပို၍နီးကပ်သွားအောင် ရှေ့ဆက်တိုးချင်လို့နေခဲ့ပါတယ်။

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Where stories live. Discover now