''janeက နိုးလာတော့မောင်မရှိလို့ လိုက်ရှာနေတာ''jennie

''ရေချိုးပြီးပြီလားး''lisa

''ပြီးပြီ စားရအောင်ဗိုက်ဆာနေပြီ''jennie

''ဟုတ်ပြီဗျာ''lisa

သူမကိုထိုင်ဖို့လုပ်ပေးထားတဲ့ခုံမှာမထိုင်ဘဲသူ့ပေါင်မှာလာထိုင်ပြီး

''မောင်ခွံကျွေး''jennie

''မောင့်ပေါ်မှာထိုင်ရတာအဲ့လောက်တောင်ကြိုက်လားး''lisa

''အွန်းကြိုက်တယ်....အာ..''jennie

သူမကပါးစပ်ဟလာတော့သူကလည်းအလိုက်သတိနဲ့အသားညပ်ပေါင်မုန့်ကို ယူပြီးကိုင်ကျွေးလိုက်သည်

''ကောင်းလား''lisa

''စားဖူးသမျှထဲမှာအကောင်းဆုံးဘဲ''jennie

''မောင့်janeလေးကအတတ်လေးကွာ''lisa

''တကယ်ပြောတာမောင်ရဲ့''jennie

''ရော့နောက်တစ်လုပ်''lisa

ဒီလိုနဲ့မနက်ခင်းလေးကိုကြည်နူးစွာနဲ့ဖြတ်ကျော်ပြီးနေ့ခင်းလောက်ကျတော့ တစ်ရေးပြန်အိပ်ကျလေသည်

ညနေခင်းဘက်ရောက်တော့သူတို့နှစ်ယောက်လုံးနိုးလာပြီးးအနီးအနားကိုလမ်းလျှောက်ထွက်ခဲ့ကြသည်

''မောင် janeလေ နယူးဇီလန်သွားရတော့မယ်''jennie

နေဝင်ချိန်ဖြစ်တော့ကောင်းကင်ကြီးကလည်းလိမ္မော်ရောင်သန်းနေသည်

လမ်းပေါ်မှာလည်းသူတို့ကလွဲလို့အခြားသူမရှိ

လက်ကိုယှဥ်တွဲ ပြီးရှေ့ခရီးဆက်နေသည့်အချိန်တွင်သူမက ထိုစကားကိုပြောလာခဲ့သည်

သူခနတော့မျက်နှာပျက်သွားခဲ့သည်

''အော် အလည်သွားမလို့လားjaneရဲ့''lisa

''ကျောင်းသွားတက်မှာမောင်''jennie

''အော်..''lisa

''၅နှစ်လောက်အဲ့မှာသွားနေရတော့မှာ မာမီကိုမသွားချင်ဘူးပြောလည်း မာမီကအတင်းသွားခိုင်းနေတာ ''jennie

သူမကလမ်းလျှောက်တာရပ်လိုက်ပြီးသူ့ကိုပြောလာသည်

''janeမာမီက ကောင်းဖို့အတွက်ဘဲလုပ်ပေးတာ သွားလိုက်ပါ ''lisa

Heavy HeartМесто, где живут истории. Откройте их для себя