Part 16

734 55 8
                                    

"Hello''

တစ်ဖက် ကို ဖုန်းဝင်သွားပြီးနောက် သူမ ရှိတဲ့နေရာကိုအမြန်ပြောပြီး သူရောက်လာဖို့သာ စောင့်နေခဲ့တယ်

တကယ်လို့သူမကိုပုန်းနေရာက တွေ့သွားပြီးသတ်သွားရင်ဆိုတဲ့အတွေးမှာဘဲနစ်မြောပြီး ကြောက်နေလေရဲ့


....................
တစ်ဖက်မှာတော့ သူ့အတွေးနဲ့သူ ပန်းဆိုင်မှာ အလုပ်ရှုပ်နေတဲ့အချိန်

သူ့ရဲ့ ချစ်ရသူလေးနဲ့ပြန်အဆင်ပြေနိုင်ဖို့အတွက် သူမအကြိုက်ဆုံးပန်းလေးကိုရွေးနေလေတယ်

တီး..တီးး

ဖုန်းscreenကိုကြည့်လိုက်တော့ တစ်ခါမှ မခေါ်ဘူးတဲ့လူဆီကဖြစ်နေတော့ နည်းနည်းတော့ ကြောင်သွားခဲ့တယ်

မကြာပါဘူးသူမဖုန်းကိုကိုင်လိုက်တော့တစ်ဖက်မှာ

တုံတုံရီရီနဲ့ ကြောက်စိတ်တွေဖုံးနေတဲ့အသံတွေနဲ့ သူ့ကိုကယ်ပေးဖို့တောင်းဆိုလာခြင်းပင်

သူလည်းအမြန်ပင် ကိုင်ထားတဲ့ပန်းစည်းလေးကို ပစ်ချပြီးပန်းဆိုင်ကနေအလျင်အမြန်ပင်ပြေးထွက်သွားခဲ့တယ်

ဒီအချိန်မှာ သူမခေါင်းထဲ တစ်ဖက်ကလူကိုကယ်တင်ဖို့စိတ်တစ်ခုသာရှိသည်

ထိုနေရာကိုရောက်တော့သတိ နဲ့လာရသည် ကမ်းဆိပ်တစ်ခုလုံး အနက်ရောင်လူတွေနဲ့ပြည့်နှက်နေပြီးတစ်ခုခုကိုရှာနေပုံပေါ်သည်

သူလည်း အနေအထားကိုသဘောပေါက်တော့ ကွယ်ရာကနေ ထိုလူကိုရှာနေတော့ အနီးအနားက လှေအပျက်နားမှာ အသံတစ်ခုခုကိုကြားလိုက်သည်

အဲ့နားကိုသွားမဲ့အချိန်ထိုလူတစ်ချို့ကသူ့ကိုမြင်သွားခဲ့သည်

သူလည်းအမြန်ဆုံးပြေးပြီး လှေအပျက်ထဲကိုဝင်သွားခဲ့သည်

အထဲမှာ မျက်ရည်စတစ်ချို့နဲ့ မျှော်လင့်နေတဲ့မျက်လုံးတစ်စုံနဲ့သူမကိုတွေ့လိုက်ရသည်

သူလည်းအမြန်ပင်သူမရဲ့လက်ကိုဆွဲကာ ထွက်ပြေးတော့ လူတစ်ချို့ကအနောက်ကလိုက်ခဲ့သည်

Heavy HeartWhere stories live. Discover now