106. ယုစီလုံ၏ ရှုံးနိမ့်မှုအတွက် အပြစ်တင်ခံရခြင်း

Start from the beginning
                                    

အစေခံများသည် သူမကိုတွေ့သောအခါကြမ်းတမ်းသောမိန်းမနှစ်ယောက်က သူမကိုဆွဲထုတ်လိုက်ကြသည် ။ သူမသည် အငြင်းပွားမှုများရှိပြီး ကျယ်လောင်စွာအော်ဟစ်သော်လည်း ထိုနှစ်ယောက်သည် ဗိမာန်တော်အပြင်ဘက်ကို သူမကို ဆွဲထုတ်လေသည် ။

ခန်းမထဲတွင် သူမ၏သခင်မလေးသည် အမှားအယွင်းတစ်စုံတစ်ရာမရှိနိုင်ဟု သူမထင်ခဲ့သော်လည်း ယုစီလုံ၏အပြုအမူသည် သူမကို အကျပ်အတည်းဖြစ်စေပြီး ဝေခွဲမရဖြစ်စေသည် ။

သူမ၏သခင်မလေးသည် အန္တရာယ်ရှိနေပြီ......

ထို့ကြောင့်သူသည်ဗိမာန်တော်ထဲသို့ ဝင်ရောက်နိုင်ရန် ကြိုးစားပြီး ကျယ်လောင်စွာအော်ဟစ်ကာ ရုန်းကန်လေသည် ။ 

သခင်မလေးသည် ထက်မြက်တဲ့အတွက် နည်းလမ်းရှာတွေ့မှာ သေချာပါတယ်။

ယခုအချိန်တွင် သူမသခင်မလေးသည် ခန်းမထဲတွင် ပျောက်ဆုံးသွားသည်ကို သိရှိခြင်းမှာ အမှန်တကယ်ပင် သက်သာရာရသော်လည်း သူမ မယုံနိုင်ဖြစ်ခဲ့ရသည်။ သူမသည် ယုစီလုံအား ကဲ့ရဲ့ဟန်ဖြင့် ညွှန်ပြရင်း လွန်ခဲ့သည့်ရက်များက ယုစီလုံ၏ အမျိုးမျိုးသော ကြံစည်မှုကို ထုတ်ဖော်ခဲ့သည်။

ယုစီလုံ သည် အမြဲတမ်း မောက်မာသူဖြစ်သဖြင့် သူမအားလက်ညိုးထိုးကာညွှန်ပြ အပြစ်တင်နေသော အိမ်အကူကို သည်းညည်းခံရန် မဖြစ်နိုင်ပေ။
 
"နှိမ့်ချသောအစေခံ ၊ မင်းဘာပြောလိုက်တာလဲ ၊ မင်းရဲ့ သခင်မလေးကို တို့မကြံစည်ဘူး၊ တို့က ညီမလေးတုန်းအတွက်ပဲ စိတ်ပူနေတာ ၊ ဒါပေမဲ့ တို့က တို့ညီမလေးအပေါ် မကောင်းဆိုးဝါး အကြံအစည်တွေ ရှိတယ်လို့ မင်း က ဘယ်လိုထင်ရတာလဲ။  ဒီနှစ်ရက်အတွင်းမှာ ညီအမ တုန်းက တို့ကို တွေ့ရတာ မပျော်မရွှင်ဖြစ်နေတာကို မအံ့သြတော့ပါဘူး ။ ဒီနှိမ့်ချတဲ့အစေခံက ညီမတုန်းအပေါ် သဘောထားကွဲလွဲမှုမျိုးစေ့ကိုချခဲ့တာ ထင်ရှားတယ် ။  လာပြီးတော့ ဒီနှိမ့်ချတဲ့အစေခံကို ဆွဲထုတ်ပြီး ကြိမ်ဒဏ်နှစ်ဆယ် ရိုက်နှကိလိုက်ကြစမ်း ။ တို့က ညီမတုန်း ကိုယ်စား ဒီအိမ်အကူကို သင်ခန်းစာကောင်းကောင်း ပေးရမှာပေါ်"

ယုစီလုံက ဒေါ်သတကြီးပြောလေသည် ။ အစေခံမိန်းကလေးက သူမနှာခေါင်းကို လက်ညှိုးထိုးပြီး စော်ကားမော်ကား ကြိမ်းမောင်းနေတာကြောင့် ယုစီလံရဲ့ မျက်နှာက ဖြူဖျော့လာပြီး ဒေါ်သကြောင့် နီရဲလာခဲ့ပါတယ်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now