Episode_7

283 34 7
                                    

"ကောင်းကောင်းပြန်ပါလူကြီး~"

ဂျီမင် ကားပေါ်ကမဆင်းခင် လူကြီးကိုသေချာနှုတ်ဆက်လိုက်သည်။
လူကြီးက သူ့ကို‌စိုက်ကြည့်နေပြီး ဘာမှပြန်မပြော..။

ဂျီမင်လည်းဘာဆက်လုပ်ရမည်မှန်းမသိတော့သောကြောင့် လည်ပင်းကိုသာအသာပွတ်နေလိုက်သည်။

"ဂျောင်ဟိုဆော့~"

ရုတ်တရက် လူကြီးနှုတ်ခမ်းဆီကထွက်ကျလာတဲ့ ကိုကို့နာမည်။ ဂျီမင်မျက်လုံးတွေဝိုင်းစက်သွားပြီး..

"လူကြီး ကိုကို့ကိုသိနေတာလား..!"

ထိုအခါ လူကြီးက အဓိပ္ပာယ်ဖော်လို့မရတဲ့အပြုံးပြုံးပြလာပြီး..

"မနက်ဖန် ကျောင်းကိုကိုယ်လာကြိုမယ်နော်..ကောင်းသောညလေးဖြစ်ပါစေချာတိတ်..!"

"အ..ဟုတ်ကဲ့လူကြီးရောပဲ~"

ယွန်းဂီ ကားပေါ်ကဆင်းလိုက်ပြီး ဂျီမင့်ကိုတံခါးဖွင့်ပေးလိုက်သည်။
ဂျီမင် လူကြီးကိုအပြုံးဖြင့်ကျေးဇူးတင်ကြောင်းဖော်ပြလိုက်ပြီး..

"အိမ်ထဲဝင်ပါဦးလားလူကြီး.!"

ထိုအခါ ယွန်းဂီခေါင်းအသာရမ်းပြလိုက်ပြီး ဂျီမင့်ခေါင်းလေးကိုခပ်ဖွဖွပွတ်သပ်လိုက်ကာ..

"နောက်မှပေါ့..အဟင်း~"

"ဒါဆို ကျွန်တော်အိမ်ထဲဝင်တော့မယ်နော်လူကြီး.."

"အွန်း..!"

ဂျီမင်  နှုတ်ခမ်းလေးအသာကိုက်ကာ လူကြီးရဲ့ပါးတစ်ဖက်ကို ရွှတ်ခနဲမြည်အောင်နမ်းလိုက်သည်။

"အရမ်းချစ်တယ် လူကြီး..~"

ထို‌့နောက် အိမ်ထဲသို့အမြန်ပြေးဝင်သွားလေသည်။

ယွန်းဂီနမ်းခံရတဲ့ပါးတစ်ဖက်ကိုလက်ဖြင့်အသာထိကိုင်ကာ ပြုံးမိလိုက်သည်။

မင်းကတစ်ကယ့်ကိုကလေးပဲ~

ထို့နောက် သူထိုခြံရှေ့မှထွက်လာတော့သည်။

🌹...

Hs ဂျီမင့်အခန်းရှေ့ကနေရပ်စောင့်နေလိုက်သည်။
ပျော်ရွှင်မြူးထူးစွာကစုန်ပေါက်ပြီးဝင်လာတဲ့ဂျီမင်ကသူ့ကိုမြင်တော့ချက်ချင်းအပိုးကျိုးကာ နှုတ်ဆက်လာသည်။

မာနပြိုင်ချစ်ခြင်း//🔥Where stories live. Discover now