Part-5

3.7K 145 4
                                        


" မ... မမ "
သိမ့်ရဲ့ ဒေါသကြောင့်နီရဲနေတဲ့ မျက်နှာကြီးကို ကြည့်ကာ လန့်နေပြီး ငယ့်အသံတွေပါ တုန်လာသည်...

သိမ့်က ငယ့်အနားလာပြီး လက်ကို ဆွဲကာ သူမ အနောက်မှာ နေစေပြီး ခင့်ကို စိုက်ကြည့်လိုက်တော့.. ခင်လည်း သိမ့်ကို ပြန်စိုက်ကြည့်လိုက်သည်။

" သူများ မယားကို လိုချင်တာများ ငမ်းငမ်းတက်နေတာပဲ ကိုယ့်ကိုယ်ကိုယ်လည်း မှန်ထဲ ပြန်ကြည့်ပါအုံး ဘယ်လောက်အောက်တန်းကျနေပြီလည်း ဆိုတာ "

သိမ့်စကားတွေက လွန်သွားတာကြောင့် ငယ်လည်း
မနေနိုင်ပဲ သိမ့်လက်ကို ဖြုတ်ကာ ခင့်ဘေးသွားလိုက်သည်..

" မမ အဲ့လိုမပြောနဲ့ !!! အစ်မက ဘာလုပ်နေလို့လည်း မမစကားတွေက သူများသိက္ခာကို အရမ်းစော်ကားနေသလိုဖြစ်နေပြီ "

" အော် မင်းက မင်းလူထိတော့ နာတာပေါ့ အဲ့လိုလား ငါ့ကိုတောင် ပြန်အော်နေတာ မင်းက ဘယ်တုန်းက ငါ့ကိုအော်ဖူးလို့လဲ အခုတော့ အတတ်ကောင်းတွေတတ်နေတာပေါ့ ဟုတ်လား ဘာလဲ သူသင်ပေးထားတာလား ငါ့ကို ဘယ်လို ပုန်ကန်ရမလဲဆိုတာ "

" မမ !!! မမ အရမ်း တရားလွန်နေပြီနော် ဒီမှာ ငယ့်၀န်ထမ်းတွေလည်း ရှိတယ် မမ စွပ်စွဲချင်ရင် အိမ်ရောက်မှပြော...ငယ်တို့ အလုပ်လုပ်နေတာ မဟုတ်တာ ဘာတစ်ခုမှလုပ်နေတာမဟုတ်ဘူး "

အခြေအနေက ပြင်းထန်လာတာကြောင့်
ဝန်ထမ်းတွေကို စုက အမြန်ခေါ်ပြီး အောက်ဆင်းသွားသည်..

" ပေါ်တင်ကြီးမြင်လိုက်တာကို ဗြောင်ငြင်းဖို့ကြိုးစားတယ်ပေါ့ မင်းမှာငါရှိတယ်ဆိုတာလည်း သတိရအုံး တခြားသူထိ‌ေတွ့တိုင်း သာယာနေတာ မင်းမရှက်ဘူးလားလမင်းငယ် !!"

သိမ့်က ငယ့် ပုခုံးကို ကိုင်လှုပ်ကာ ပြောလိုက်သည်..
ခင်လည်း ငယ့်ကိုထိတော့ သိမ့်လက်ကို ဆွဲဖယ်ရန်လုပ်ပေမယ့် သိမ့်က ခင့်လက်ကို ပုတ်ထုတ်ကာ ပါးကို ဖြန်းခနဲမြည်‌ေအာင်ရိုက်လိုက်သည်..
ငယ်က လဲကျသွားတဲ့ ခင်နား အမြန်ပြေးကာသွားပြီး

" အစ်မ!!! အဆင်ပြေရဲ့လား "

" ရပါတယ် ကလေး "

ခင်က ကလေးလို့ပြောလိုက်တာကြောင့် သိမ့်က ပိုဒေါသထွက်သွားသည်။

𝗠𝘆 𝗚𝘂𝗮𝗿𝗱𝗶𝗮𝗻 ( ကျွန်မရဲ့အုပ်ထိန်းသူ ) 𝗦𝗲𝗮𝘀𝗼𝗻-𝟮Where stories live. Discover now