မီးဖိုရှေ့တွင် ခေါင်းထဲဝင်လာသည့် ကြုံရာအတွေးများကို တွေးနေရင်း သူ၏လက်ကိုင်ဖုန်းက အသံမြည်လာသည်။

ရုန်ယီသည် ဖုန်းကိုင်ရန် အပြေးအလွှား သွားခဲ့သော်လည်း spam ခေါ်ဆိုမှု ဖြစ်ကြောင်းသာ တွေ့ရှိလိုက်ရသည်။ ထိုနံပါတ်ကို block လိုက်ပြီးနောက်တွင် မဖတ်ရသေးသော မက်ဆေ့ချ်အသစ်တစ်ခုကို တွေ့လိုက်ရ၏။

ပေးပို့သူမှာ ကျိုးလီ ဖြစ်ပြီး မက်ဆေ့ချ်ထဲတွင် ပုံတစ်ပုံသာ ပါဝင်သည်။

ရုန်ယီသည် မက်ဆေ့ကို ဖွင့်ကြည့်လိုက်သောအခါ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ ၎င်းက တက္ကသိုလ်အားကစားပွဲတစ်ခုတွင် သူ့ကို တစ်စုံတစ်ယောက် ရိုက်သွားသည့်ပုံ ဖြစ်သည်။ ကျိုးလီ၏ပုံထဲတွင် ကျောင်းသားဖိုရမ်ရှိ မှတ်ချက်အချို့၏ စခရင်ရှော့တစ်ခုလည်း ပါဝင်ပြီး ၎င်းတို့အားလုံးမှာ သူသည် လိင်ပိုင်းဆိုင်ရာ အချက်အလက်များကို အတုအပ ပြုလုပ်ထားခြင်းရှိမရှိ ဆွေးနွေးထားကြခြင်း ဖြစ်‌သည်။

ရုန်ယီသည် ထိုပို့စ်ကို သူတို့၏ကျောင်း BBS ပေါ်တွင် တင်ခဲ့ခြင်းအား သတိရမိသွားပြီး နောက်ဆုံး ပြဿနာများ၏ အဆုံးသတ်အဖြစ် သူ၏ ကျောင်းသားကတ်ပုံကို သူကိုယ်တိုင်ကိုယ်ကျ တင်ခဲ့သည်။

ကျိုးလီသည် အိမ်ပြန်ရောက်ပြီးနောက်တွင် ရှာဖွေမှုအချို့ ပြုလုပ်ခဲ့ပုံရသည်။

"အခု မင်း ငါ့ကို ယုံပြီလား"

သူက စာပြန်ပို့လိုက်သည်။

ကျိုးလီက ဗီဒီယိုကောခေါ်ဆိုမှု တောင်းဆိုချက်ကို ပေးပို့လာသည်။ ဗီဒီယိုချိတ်ဆက်ပြီးသည်နှင့် ရုန်ယီသည် သူ၏ငိုခါနီးအသံကို ချက်ချင်း ကြားလိုက်ရလေသည်။

“ကျွန်တော် အရမ်း စိတ်ဓာတ်ကျနေသလို ခံစားရတယ်”

သူက ပြောသည်။

ရုန်ယီသည် အပြစ်ရှိသလို ခံစားလိုက်ရပြီး

"...တောင်းပန်ပါတယ်"

"ဒါပေမယ့်... နှစ်သိမ့်ပေးရာတော့ ရောက်ပါတယ်"

ကျိုးလီက ပြောသည်။

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now