အပိုင်း ၉

Start from the beginning
                                    

ကွန်းကလဲ"အေးလေ ရှေ့ကဇာတ်လမ်းတောင်မပြတ်သေးပဲ နောက်ဟာကဆက်ချင်နေပြန်ပြီ"

"မင်းတို့ကလဲ"

"မင်းတို့ကလဲမနေနဲ့အတည်ကြိုက်တာလဲမဟုတ်ပဲသွားစမနေပါနဲ့ကွာ ဟိုကရိုးပုံရိုးအလေးပါ"ရတုကသတိပေးသလိုပြောသည်။

"အေးကွာ အလကားသက်သက်မဲ့"ကွန်းကလဲထောက်ခံသည်။

"ဟေ့ကောင်တွေငါတော့အပျော်တွဲမယ်လို့မထင်မိဘူးဒီတစ်ခါ"

"အရှေ့ကလဲဒီလိုပဲပြောတာပဲပြီးတော့ထားခဲ့တဲ့သူတွေမှဘယ်နှယောက်လဲ"ရတုကပြောတော့

"မဟုတ်ဘူးကွ မယုံစောင့်ကြည့်နေဒီတစ်ယောက်ကအရင်လူတွေနဲ့မတူဘူးငါတကယ်သဘောကျသွားတာ"

"အေးပါ စောင့်ကြည့်နေမယ်"ကွန်းကပြောလေသည်။

ဟိန်းမြတ်က gayတစ်ယောက်ဖြစ်သည်။တွဲခဲ့သမျှကလဲချစ်စရာကောင်းတဲ့ကောင်လေးတွေချည်းသာ။ရတုကတော့ bi ဖြစ်သည်။တွဲသမျှကကောင်လေးတွေလဲပါသလိုကောင်မလေးတွေလဲပါသည်။
ကွန်းလား?
ကွန်းကတော့သူကိုယ်တိုင်တောင်မသိသေးပေအခုထိနေလာသမျှရည်းစားတစ်ယောက်မထားခဲ့ဖူးပေ။လာပတ်သတ်သမျှလူတိုင်းကိုလဲအရေးပြန်မလုပ်ခဲ့သူတစ်ယောက်ဖြစ်သည်။အခုတော့ဟိန်းမြတ်စကားကိုစောင့်ကြည့်ရမည်။သူ့ပုံစံကတကယ်သဘောကျနေပုံပေါ်နေသည်မို့ဖြစ်သည်။

"Hello အဖေ ဘာကိစ္စရှိလို့လဲ"

"သားဟိုမှာနေရတာအဆင်ပြေလားလှမ်းမေးတာ မင်းကလဲသားအဖချင်းကိုကိစ္စရှိမှဆက်ရမှာလားကွ"ဦးကွန်းစံတစ်ယောက်ငေါက်သည်လဲမဟုတ်ပြောလိုက်မိသည်။

'မေးတာကိုက ဘာကိစ္စရှိလို့လဲနဲ့တောင်နေသေးတယ်ငါ့နှယ်'

"မဟုတ်ပါဘူး သားကဒီတိုင်းမေးလိုက်တာပါ"

"ဟုတ်ပါပြီ ဘယ်လိုလဲအဆင်ပြေလားနေရတာ"

"ဟုတ်အဆင်ပြေပါတယ်အဖေ"

"ဟုတ်ပါပြီ guideကရောအဆင်ပြေရဲ့လားသား"

"ဟုတ်ပြေတယ်အဖေ အဖေရောညစာစားပြီးပြီလား"

"ပြီးပြီသား သားတို့ရော ဟိုကောင်လေးနှစ်ယောက်ရောအဆင်ပြေတယ်မလား"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now