"မင်းကမင်းအကောင်နဲ့တူတူရှိနေတော့ငါ့ကိုတောင်မေ့နေပြီပေါ့ဂျောင်ဟိုဆော့..!ငါကတော့မင်းငါ့ကိုသစ္စာဖောက်ခဲ့တာတွေကိုအသည်းကိုဓားနဲ့မွှန်းထားသလိုမျိုးစွဲနေအာင်မှတ်မိနေသေးတယ်.! မင်းနဲ့မင်းအကောင် .. ငါသေသွားခဲ့မယ်ဆိုရင်‌ေတာင် .ဘယ်တော့မှမပေါင်းဖက်စေရဘူး..!မင်းကငါ့အပိုင်ပဲဖြစ်လာစေရမယ်!!."

🌿🌿🌿

ယွန်းဂီ သူတို့စားပွဲဝိုင်းကိုပြန်လာတော့ ဆော့ဂျင်သာရှိနေပြီး ဟိုခလေးကိုမတွေ့တော့..!

"မင်းသူငယ်ချင်းရော.?"

သူဆော့ဂျင်အရှေ့မှာဝင်ထိုင်လိုက်ရင်းအမေးပြုလိုက်သည်။ ထိုအခါ ပလုတ်ပလောင်းနဲ့စားနေတဲ့ဆော့ဂျင်က သူ့ကိုမော့ကြည့်လာပြီး..

"သူ့ကိုကိုတွေနဲ့တွေ့လို့ပြန်လိုက်သွားတယ်..Hyung ကိုလည်းနှုတ်ဆက်သွားတယ်လို့ပြောပေးပါလို့မှာသွားတယ်.."

"အွန်း!..စားပြီးရင်ပြန်မယ်လေ.."

"ဟုတ်ကဲ့!.."

လက်စသတ်တော့ မင်းကဂျောင်ဟိုဆော့ရဲ့ညီကိုးးးးး ဟဟ..စိတ်တော့မကောင်းဘူး ငါမင်းကိုအချိန်တစ်ခုအထိတော့အသုံးချရလိမ့်မယ်..!

Time skip>>>>..

Yg အိမ်ရောက်တာနဲ့ ရေချိုးခန်းဝင်ပြီးသန့်စင်လိုက်ကာ ဆော့ဂျင်ဆီကတောင်းလာတဲ့ဂျီမင့်ရဲ့ဖုန်းနံပါတ်ကို အမည်မဖော်နိုင်တဲ့ အပြုံးဖြင့်ကြည့်ကာ..

"မင်းငါ့ကိုသဘောကျတာ မင်းအတွက်ကံဆိုးတာပဲ..အဟင်း~"

ထို့နောက် ဖုန်းနံပါတ်လေးအား နှိပ်လိုက်ပြီး တစ်ဖက်မှပြန်ဖြေသံအား စောင့်နေလိုက်သည်။

တူ..တူ..

"ဟဲလို~"

"........."

"ဟဲလို! ..ဘယ်သူပါလဲ..?ဂျောင်ဂျီမင်ပြောနေပါတယ်..!"

ယွန်းဂီ နှုတ်ခမ်းတစ်ဖက်တွန့်ကွေးရုံမျှပြုံးလိုက်ပြီး..

"ကိုယ်ပါ..~"

"ဟင်!.လူ..လူကြီးလား..?"

တစ်ဖက်ကကောင်လေးရဲ့အသံကိုနားထောင်ခြင်းအားဖြင့် အံ့ဩသွားတယ်ဆိုတာကို သူအပ်တပ်သိလိုက်သည်။ ပြီးနောက် ခပ်အေးအေးလေသံဖြင့်..

မာနပြိုင်ချစ်ခြင်း//🔥Where stories live. Discover now