“အယ်လ်ဖာအတွက် ထိန်းချုပ်ဆေးက ငါ့အတွက်တော့ အလုပ်ဖြစ်မယ် မထင်ဘူး”

ချန်းခယ့်ယောင်သည် ရုတ်တရက် မပြုံးလိုက်မီ သူ၏မျက်လုံးများကို နားလည်ရခက်စွာ ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ ထို့နောက် သူသည် ရုန်ယီ၏ နှာခေါင်းကို ပွတ်သပ်ကာ ပြောလိုက်သည်။

"ကိုယ့်ကိုနောက်မနေပါနဲ့တော့ကွာ"

ထိုစကားကြောင့် ရုန်ယီ အံ့အားသင့်သွားလေသည်။  ထို့နောက် သူသည် ခက်ခက်ခဲခဲဖြင့် ပါးစပ်ကို ဟကာ

"မင်းက... ငါ့ကိုလည်း အယ်လ်ဖာတစ်ယောက်လို့ ထင်နေတာလား"

ရုန်ယီ အခုလေးတင် ပြောလိုက်သော စကားကြောင့် ချန်းခယ့်ယောင်၏ မျက်နှာမှာ အေးခဲသွားသည်။

သူသည်လည်း ချန်းခယ့်ယောင်အား အိုမီဂါ တစ်ယောက် ဟု သံသယဝင်မိလုနီးပါး ဖြစ်ခဲ့ပါသည်။  သို့သော် ချန်းခယ့်ယောင် ကိုင်ဆောင်ထားဆဲဖြစ်သည့် အဆိုပါ ထိန်းချုပ်ဆေးပုလင်းက ရုန်ယီ၏ ခန့်မှန်းချက်ကို လွဲမှားစေခဲ့သည်။

ရုန်ယီသည် အတော်လေး စိတ်ရှုပ်ထွေးနေသော အကြည့်ဖြင့် ပါးစပ် ပိတ်နေသည်ကို မြင်သောအခါ ချန်းခယ့်ယောင်က သူ့ကို အကဲခတ်၍ မေးလိုက်သည်။

"မဟုတ်ဘူးလား"

လောလောဆယ်တော့ ရုန်ယီသည် သူ၏မျက်နှာတွင် မည်သည့် အမူအရာမျိုး ဖော်ပြရမည်မှန်းပင် မသိပါ။

ချန်းခယ့်ယောင်၏ မျက်နှာပေါ်ရှိ အကြည့်များက တစ်စုံတစ်ခုကို သတိရရန် ကြိုးစားနေပုံပေါ်သည်။  အချိန်အတော်ကြာပြီးနောက် သူက မျက်ခုံးများကို တွန့်ကာ ပြောလိုက်သည်။

"မင်းကဘီတာလား?"

တကယ်တော့ ရုန်ယီသည် သူ၏ WeChat ရှိ ကိုယ်ရေးကိုယ်တာအချက်အလက်များတွင် သူ၏ ဒုတိယလိင်အမျိုးအစားကိုလည်း မှတ်တမ်းတင်ထားကြောင်း ဖော်ပြလိုခြင်း ဖြစ်ပါသည်။ သို့သော် ချန်းခယ့်ယောင်က ၎င်းကို သတိမထားမိပုံရလေသည်။ ထို့ကြောင့် ရုန်ယီသည် ထိုစကားများကို မျိုချလိုက်ရ၏။

ထို့နောက် ရုန်ယီသည် သူ၏ အိတ်ကပ်ထဲမှ ID ကတ်ကို ထုတ်လိုက်ပြီး ချန်းခယ့်ယောင်ရှေ့တွင် ပြလိုက်သည်။

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီHikayelerin yaşadığı yer. Şimdi keşfedin