ဧည့်ကြိုစာရေးမလေးက နွေးထွေးစွာ ကြိုဆိုသည့်အခါမှသာ သူ အထဲသို့ ဝင်လာနိုင်ခဲ့သည်။ ရုန်ယီသည် သူ၏ချစ်သူနှင့် တွေ့ရန် လာခဲ့သည် ဟု ပြောရန် အလွန် ရှက်ရွံ့နေမိသောကြောင့် စာရေးမလေးက မေးလာသောအခါ ယောက်ယတ်ခတ်သွားသည်။ ထို့နောက် အတန်းအကြောင်း စုံစမ်းရန် ရောက်ရှိလာသော ကျောင်းသားမိဘတစ်ဦးအဖြစ် သူ ဟန်ဆောင်လိုက်သည်။

ကျောင်းသားမိဘများကို ပိုမို ဆွဲဆောင်နိုင်ရန်အတွက် ဝန်ထမ်းလေးသည် သူ့အား စာသင်ခန်းများကို ဝင်ရောက်ကြည့်ရှုနိုင်ရန် တက်ကြွစွာ ဦးဆောင်ကာ ခေါ်သွားသည်။ အဆောက်အဦထဲသို့ ခြေလှမ်း အနည်းငယ် ဝင်သွားမိသည်နှင့် စာသင်ခန်း အပြင်ဘက်တွင် စောင့်နေကြသော မိဘအတော်တော်များများကို ရုန်ယီ တွေ့လိုက်ရသည်။

ဧည့်သည်များနှင့် မိဘများ ပိုမို ရှင်းလင်းစွာ ကြည့်ရှုနိုင်စေရန်အတွက် စင်္ကြံအနီးရှိ ဘေးနံရံကို မှန်အကြည်ဖြင့် ပြုလုပ်ထားလေသည်။

ရုန်ယီ ပထမ စာသင်ခန်းသို့ ရောက်လာသည်။  သင်ကြားနေသောဆရာသည် ချန်းခယ့်ယောင် မဟုတ်သော်လည်း အထဲသို့ ကြည့်မိပြီးနောက် ခြေမလှမ်းနိုင်သေးပေ။ ကလေးငယ်တစ်အုပ်စုက ဆရာ၏နောက်ကျောကို အားပါးတရ ကန်ကျောက်ပြီး အော်ဟစ်နေကြသည်။

“ဟိုင်းယား! ဟိုင်းယား!" 

ရုန်ယီသည် မရယ်ဘဲ မနေနိုင်တော့ချေ။

“ဒါက မူကြိုကလေးတွေ အတန်းပါ”

ဝန်ထမ်းလေးက အစပျိုးရန် အခွင့်အရေး ရရှိသွားသည်။

"အစ်ကို့ရဲ့ ကလေးက အသက်ဘယ်လောက်ရှိပြီလဲ ခင်ဗျ"

'မစ္စတာချန်းရဲ့အပေါ်မှာ မူတည်တယ်'

ရုန်ယီ စိတ်ထဲမှ ဖြေလိုက်မိသည်။ သူသည် ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ညင်သာစွာ ချောင်းတစ်ချက်ဆိုးကာ မေးလိုက်သည်။

"မစ္စတာချန်းခယ့်‌ယောင်ရဲ့ အတန်းက ဘယ်နားမှာလဲ"

“အာ”

ဝန်ထမ်းက ခေတ္တ စကားရပ်သွားသည်။

"ဆရာချန်းရဲ့ အတန်းကတော့ လူပြည့်သွားပါပြီ။ ဒါပေမယ့် အစ်ကို စိတ်ဝင်စားတယ်ဆိုရင် စင်္ကြံအဆုံးဘက်က အခန်းကို သွားကြည့်လို့ရပါတယ်ဗျ"

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီHikayelerin yaşadığı yer. Şimdi keşfedin