ချန်းခယ့်ယောင်ကအမေးတစ်ခုနှင့်ချစ်စရာကောင်းသည့်အီမိုဂျီလေးတစ်ခုပြန်ပို့လာသည်။

"မင်းဘာပျောက်နေမှန်းတောင်မသိသေးဘူးလား?"

၎င်းက ကသိကအောက်နိုင်သည်။ ရုန်ယီ အိတ်ကပ်များရောကုတ်အကျႌပါမကျန် အကုန်လုံးကိုနှိုက်ချွတ်ရှာဖွေကြည့်သည်။ သူ့ဦးနှောက်ဘယ်ခြမ်းနှင့်ညာခြမ်းကို ဆွဲဆန့်လိုက်ပြီးနောက် သူကျန်နေခဲ့သည်မှာလက်ကိုင်ပဝါတစ်ထည်ဖြစ်နိုင်ကြောင်း ခန့်မှန်းမိလိုက်သည်။

သူသည်အမြဲကားမူးတတ်သောကြောင့် လူကြားထဲပရုပ်ဆီဘူးထုတ်သုံးနေခဲ့လျှင် သူ့ကိုအဘိုးကြီးတစ်ယောက်နှင့်တူစေလိမ့်မည်၊ သို့ဖြစ်၍ လက်ကိုင်ပဝါပေါ်တွင်ပရုတ်ဆီနည်းနည်းသုတ်ထားလိုက်သည်။ သူအဆင်မပြေဖြစ်လာခဲ့ပါက လက်ကိုင်ပဝါကိုထုတ်ပြီးအနံ့လေးနည်းနည်းရှူလိုက်ရုံပင်။

သူလက်ကိုင်ပဝါအကြောင်းပြောလိုက်တော့ ရုန်ယီ မှန်ကန်သည့်အဖြေကိုရသွားသည်။

ရုန်ယီ့လက်ကိုင်ပဝါက နာမည်ကြီးတံဆိပ်ထဲကမဟုတ်၊ ပရုတ်ဆီအနံ့များဖုံးနေသည့်အကြောင်းကိုဖြင့် ပြောနေစရာပင်မလို။ ပျောက်သွားလည်းကိစ္စမရှိ။ ချန်းခယ့်ယောင်က ၎င်းကို အမြန်ချောပို့နှင့်ပင်ပို့လိုက်လည်းရသည်။

သို့ပေမယ့် ချန်းခယ့်ယောင်ကရုန်ယီအားမည့်ချိန်ကိုမေးပြီး လက်ကိုင်ပဝါလာပြန်ပေးမည်ဟုပြောခဲ့သည်။

ချန်းခယ့်ယောင်ကသူနှင့်အတူရှိနေချင်တာကို စိတ်ကူးမယဉ်ဘဲနေလျှင်သူရုန်ယီမဟုတ်တော့ပေ။

သူအခုတည့်တိုးပြောလိုက်ရန် တွန်းအားရှိလာသည်။ ခင်ဗျားကျွန်တော့်ကို ကိုစိတ်ဝင်စားနေတာလား၊ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့တော့၊ ကျွန်တော်လည်းခင်ဗျားကို အရမ်းအရမ်းသဘောကျပါတယ်၊ ကျွန်တော်တိို့အခုချက်ချင်း တွဲလိုက်ကြမလား။

နောက်ဆုံးတော့ ရုန်ယီသည် အဆိုပါရူးနှမ်းလွန်သည့်စိတ်ကူးကိုလက်လျှော့လိုက်သည်၊ သူချန်းခယ့်ယောင်ကို ခြောက်လှန့်မိမှာစိုးရိမ်သည်။

ပြီးတော့ သူကလည်း ချန်းခယ့်ယောင်ကိုလက်ကိုင်ပဝါယူလာစေချင်သည်။ ၎င်းကိုအကြောင်းပြပြီး ချန်းခယ့်ယောင်ကိုညစာဖိတ်ကျွေးနိုင်သည်။ အဆင်ပြေနိုင်လောက်သည်။ သူတို့မကြာခဏတွေ့ဖြစ်ခဲ့လျှင်ကလေးများပါရလာနိုင်လောက်သည်။

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now