"ငါ့မှာလည်းငွေသားမပါဘူး"

"အိုး...ဒီလိုလား?"

ကောင်လေးကကြက်သေသေသွားသော်ငြား ထွက်မသွားသေးပေ။ သူ့မျက်လုံးများက တဖျတ်ဖျတ်တောက်ပနေရင်းထပ်မေးလိုက်သည်။

"တစ်ယောက်ယောက်ကိုစောင့်နေတာလား?"

"အင်း"

သူ့တုံ့ပြန်ချက်က ခြောက်တီးခြောက်ကပ်ဖြစ်သည့်တိုင်တစ်ဖက်လူက စိတ်အနှောင့်အယှက်ဖြစ်ပုံမရပေ။

"ရည်းစားလား?"

သူသာဆိုရင်...

ရုန်ယီ စိတ်ထဲမှသာသက်ပြင်းချပြီးမေးလိုက်သည်။

"မင်းနဲ့ငါဘာကိစ္စများရှိသေးလဲမေးလို့ရမလား"

ကောင်လေးက ကူကယ်ရာမဲ့နေဟန်ပေါ်သည်။ သူ့မျက်ခုံးများကိုဖြည်းဖြည်းချင်းစုကုပ်လိုက်ပြီး နှုတ်ခမ်းများကိုဖိလိုက်သည်၊သူ့ကိုကြည့်လာပြီးလေသံတိုးတိုးလေးနှင့်ဆိုသည်။

"တကယ်တော့ကျွန်တော်ခင်ဗျားဆီကဖုန်းနံပါတ်လိုချင်လို့ပါ"

ရုန်ယီက ၎င်းအဖြေအပေါ် မအံ့ဩမိချေ။

သူ အသက််ဆယ့်ရှစ်နှစ်၊ဆယ့်ကိုးနှစ်ခန့်သာရှိဦးမည့် ကောင်လေးကိုငုံ့ကြည့်လိုက်သည်။ ထိုသူက နူးညံသည့်အသွင်အပြင်၊အနည်းငယ်ကွေးနေသည့်ဆံပင်အတို၊သေးသွယ်ကြီးမားသည့်မက်မွန်ပွင့်မျက်လုံးများရှိသည်။ တစ်ကြိမ်ခန့်ကြည့်ရုံနှင့် Omega မှန်းသိနိုင်ပြီး လူများစုကအနှီသူကိုချစ်စရာကောင်းသည်ဟုမြင်ကြလိမ့်မည်။

ကောင်လေးက ရုန်ယီအမြဲမျှော်လင့်ခဲ့ဖူးသည့်ပုံစံနှင့်ပြည့်စုံသည်။

"စိတ်မကောင်းပါဘူး"

သူစိတ်ပျက်လက်ပျက်ခေါင်းခါလိုက်ပြီး တစ်ဖက်လူ၏တောင်းဆိုချက်ကိုငြင်းပယ်လိုက်သည်။

"မသင့်တော်ဘူး"

"အိုး...ကျွန်တော်နားလည်ပါပြီ"

ကောင်လေးကစိတ်ပျက်ပြီးရှက်သွားဟန်လည်းရသည်။ သူဖျစ်ညှစ်ပြုံးလိုက်ပြီး ချက်ချင်းလှည့်ထွက်သွားသည်။

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now