103. ပြန်လမ်းမရှိသော မိုဟယ်

Start from the beginning
                                    

သခင်မယုနှင့် ယုစီလုံ​သည် သူမအား တစ်ခုခုလုပ်ရန် ရည်ရွယ်ထားသည်...

ဘာပဲဖြစ်ဖြစ် သူမက သူတို့ကို ပံပိုးပေးဖို့ သွားရမည် ။သူမ လွတ်မြောက်ဖို့ အခွင့်အလမ်းမရှိသလို သူမလည်း မလွတ်မြောက်ချင်ပါဘူး ။

"မိုလန်၊ မိုဟယ် အခုတလော ဘာတွေလုပ်နေလဲ "  ပြတင်းပေါက်မှာ အတန်ကြာရပ်ပြီးနောက် မို့ရွှီတုန်းက ထိုင်ချလိုက်ပြီး မိုလန်ပေးသော လက်ဖက်ရည်ကို ယူကာ မေးလိုက်သည်။

ဟိုတစ်နေ့ကိစ္စအပြီး နောက်ဆက်တွဲ အဖြစ်အပျက်က သူမကို ကြိုတင်ပြင်ဆင်မှု မရှိတဲ့အတွက်ကြောင့် သူမသည် မိုဟယ်ရဲ့ အချစ်ရေးကို မေးဖို့ အချိန်မရှိခဲ့ပါဘူး။  ယနေ့နံနက်တွင် မိုယုသည် မိုဟယ်က သူမနှင့် သီးသန့်စကားပြောလိုကြောင်း သတင်းပို့လာသည်။  သူမသည် မိုဟယ်ကို အလွန်စိတ်ပျက်နေပြီဖြစ်သည်။

မိုဟယ်သည် တူညီတဲ့ အမှားတွေ အားလုံးကို လုပ်မိနေသည် ။ ယခုတော့ မိုဟယ်သည် ယောက်ျားတစ်ယောက်အတွက် ၎င်းတို့၏ ခင်မင်ရင်းနှီးမှုကို စွန့်လွှတ်ပြီး သူမကို ဒုက္ခတွင်းထဲ ထားနိုင်ခဲ့သောကြောင့် သူမအလွန်စိတ်ပျက်လေသည် ။ မိုဟယ်သည် နောက်တစ်ကြိမ်လည်း ဤသို့ ထပ်လုပ်ရန် ဖြစ်နိုင်ခြေများစွာ ရှိခဲ့သည်။ 

မို့ရွှီတုန်းသည် ဤဒုတိယအသက်တာတွင် ပိုမိုရက်စက်ကြမ်းကြုတ်လာခဲ့သည်။  ထို့အပြင် မိုဟယ်သည် ဝမ်းနည်းနေပါက သူမသည် မိုလန်နှင့် မိုယုတို့ကို ပြောပြပေလိမ့်မည်။ သူတို့သည် အတူတူကြီးပြင်းလာတဲ့အတွက် မျှဝေခံစားနိုင်ကြသည် ။

သို့သော် မို့ရွှီတုန်းသည် သူမ ပြန်လည်ကောင်းမွန်လာသည်အထိ သူမအပေါ် ကရုဏာတရားဖြင့် စောင့်ဆိုင်းခဲ့သေးသည် ။ ထို့ကြောင့် သူမသည် ထိုသို့အမှားမျိုးထပ်မလုပ်ခဲ့ပါက သူမ၏ ကရုဏာကြောင့် မနေနိုင်ဘဲ မိုဟယ်ကို ပထမအိမ်အကူအဖြစ် ဆက်ထားနေဦးမှာပင် ။

အမှားလုပ်မိတာက ဒီလောက် ကြောက်စရာကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။  ဒါပေမယ့် သူမက သူမအမှားကိုတောင် သတိမထားမိဘဲ သူမကိုကရုဏာထားဖို့သာ တောင်းဆိုခဲ့ပါတယ်။ မို့ရွှီတုန်းသည် သူမလိုလူကို ထိန်းထားဖို့ မဝံ့ရဲခဲ့ပေ ။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now