103. ပြန်လမ်းမရှိသော မိုဟယ်

Start from the beginning
                                    

"မနက်​ဖြန်​ တို့အားနေပြီလို့ အဖွားကို ​ပြောလိုက်ပါ၊ သူနဲ့ ချင်လျံဘုရားကျောင်းကို တို့လိုက်​ခဲ့မယ်​!" 

အချို့အရာများကို သူမ စိတ်ထဲတွင် ထားကာ အစေခံများအား ထွက်သွားရန် လက်ကို ဝှေ့ယမ်းလိုက်သည်။  ထို့နောက် မိုယုက သူမကို ခေါ်သွားခဲ့သည်။ 

ချင်လျံ ဘုရားကျောင်းသည် ကျေးလက်တွင် တည်ရှိသော ဘုရားကျောင်းကြီး ဖြစ်သော်လည်း ဝတ်ပြုသူများနှင့် ဘုရားဖူး အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။  ထို့အပြင် ထိုနေရာ၌ ဘုန်းကြီးများသည် သက်သတ်လွတ် ဟင်းချက်ကောင်းများ ချက်ပြုတ်တတ်သောကြောင့် လောကမှ လူပေါင်းများစွာကို ဆွဲဆောင်နိုင်သည်ဟု ကြားသိရသည်။ 

ထိုနေရာတွင် ဇီးသီးပင်များစွာရှိခဲ့သည်။  မင်းသားဂျင်အိမ်တော်မှာရှိတဲ့ ဇီးသီးပင်တွေလောက် မကျော်ကြားပေမယ့် သူသည်လည်း လှပပါတယ်။

ရှေးရှေးတုန်းက ပညာရှင်တစ်ယောက်က စာမေးပွဲဖြေဖို့ မြို့တော်ကို လာခဲ့တယ်လို့ ဒဏ္ဍာရီမှာ ရှိခဲ့ပါတယ်။ သူသည် ဆောင်းရာသီ၌ တည်းခိုခန်းမှာ အခန်းခပေးစရာ ပိုက်ဆံမရှိလို့ အေးစက်နေသောလမ်း၌ လမ်းလျှောက်ထွက်ခဲ့ရတယ်။

ထိုအချိန်၌ ဗိမာန်တော်က ဘုန်းကြီးတစ်ပါးက သူ့ကို ကယ်တင်ပြီး ဘုရားကျောင်းထဲကို ခေါ်သွားကာ နေရာထိုင်ခင်း ပေးတယ်။  အဲဒီနောက်မှာတော့ ထိုပညာရှင်က အောင်မြင်တဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ သူ့နာမည်ကို ရှာတွေ့ခဲ့ပါတယ်။  ထို့ကြောင့် သူသည် မြတ်စွာဘုရားအတွက် ရွှေကိုယ်ထည်ကို ပြန်လည်တည်ဆောက်ခဲ့ရုံသာမက ဘုန်းကြီးများ၏ မွန်မြတ်သောဂုဏ်ရည်များကို ကိုယ်စားပြုသည့် ဗိမာန်တွင် ဇီးသီးပင်များစွာကိုလည်း စိုက်ပျိုးခဲ့သည်။

ထို့ကြောင့် လူအများအပြားသည် ချင်းလျံဘုရားကျောင်းသို့ သက်သတ်လွတ်အစာစားရန်သွားကာ ဇီးသီးပွင့်များကို ကြည့်ရှုရန် သွားကြသည် ။

ဖျော်ဖြေရေးရည်ရွယ်ချက်ကြောင့် လူအများစုသည် ထိုနေရာသို့ သွားချင်ကြသည်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now