အပိုင်း(၁၃)

Start from the beginning
                                    

'ကြည့်စမ်းပါဦး!. ကြည့်စမ်းပါဦး! သိမ်မွေ့လက်ရာမြောက်တဲ့ ကြွေထည်တွေကိုလဲ ကြည့်လိုက်စမ်းပါဦး!!! အရောင်စုံတဲ့ကျောက်မျက်ရတနာတွေကိုလဲ ကြည့်ပါရစေအုံး! ဒါကသေချာပေါက်ကို ထိပ်တန်းအရည်အသွေးရှိတဲ့ အရာတွေပဲ!'

လင်ရှန်းကို အထင်မလွဲလိုက်ပါနဲ့ဦး။ သူမက ငွေကိုစွဲစွဲလမ်းလမ်းဖြစ်နေပေမယ့်လဲ သူမက အကန်းမဟုတ်ပါဘူး. နောက်ဆုံးအကြိမ် သူမ မင်းသမီးနဲ့မဂ္လလာဆောင်ပြီးသွားကတည်းက တော်ဝင်ဆွေတော်မျိုးတော်တွေထံကနေ သူမက လှပတယ်လို့အမည်တပ်လို့ရတဲ့ မြောက်များစွာသော အရာမှန်သမျှကို လက်ဆောင်တွေအဖြစ် ပေးအပ်ခြင်းခံခဲ့ရပါတယ်. ဒါပေမယ့် သူမ တကယ့်ပစ္စည်းအစစ်တွေကို ကြည့်ပြီးတဲ့အခါမှာတော့ သူတို့တွေက အရမ်းဆိုးရွားနိမ့်ကျတဲ့ အရည်အသွေးတွေ ဖြစ်နေခဲ့တာပဲဖြစ်သည်!

"နှစ်ထောင်ပေါင်းများစွာသက်တမ်းရှိတဲ့ တောင်ဂျင်ဆင်း" သေလိုက်ပါလား! ဒါကို ကြည့်တာနဲ့တင်ကို ပုံမှန်မုံလာဥဖြူလေးတစ်လုံးထက် နည်းနည်းဆိုမှ နဲနဲလေးပဲပိုကောင်းတာလေးကိုများ.. သူတို့ကများ ငါ ကြင်ယာတော်မင်းသားကို ငပိန်းတစ်ကောင်လို့များထင်နေတာလား? သူမက ထော်ဘော်(Taobao) ရဲ့ ဒိုင်းမွန်းအဖွဲ့ဝင်ရှင့် ဟုတ်ပြီလား?' (taobao ဆိုတာက တရုတ်ပြည်ရဲ့လူကြိုက်အများဆုံး online shopping site တစ်ခုပါတဲ့ရှင်) 'ပုံလေးတစ်ပုံကတောင် သူမအတွက် ကောင်းလား မကောင်းလားဆိုတာဆုံးဖြတ်ဖို့ လုံနေပြီ ရှင့်။ ပစ္စည်းတွေကို ရှေ့တည့်တည့်မှာတောင်ချပြစရာတောင်မလိုဘူး။'

'ဒီပန်းအိုးလေးကတော့ သေချာပေါက် ငွေတွေအများကြီးတန်မဲ့ပုံစံပဲ!'

လင်ရှန်းရဲ့လက်က ရောက်ကတည်းက ပန်းအိုးပေါ်က မခွာတာတွေ့လေတော့ အိပ်ရာပေါ်က ဝေဒနာဖိစီးနေတဲ့ လိန်ဖန်က မနေနိုင်ဘဲ ထပြောလိုက်တယ်...

"ကြင်ယာတော်မင်းသားက ဒီပန်းအိုးကိုကြိုက်တယ်ဆိုမှတော့ ဒီအမှုထမ်းက ကြင်ယာတော်မင်းသားကိုပေးလိုက်ပါ့မယ်."

'မင်း ငါ့ကိုလာနောက်နေတာလား။ မင်းအရမ်းစိတ်စေတနာကောင်းတာ ငါသိခဲ့ရင် ငါဒီပန်းအိုးကို မထိခဲ့ပါဘူး..အဲဒီအစား ရွှေဓားစလွယ်လေးဆိုရင်ရော!' လင်ရှန်း ရဲ့ရင်ထဲမှာတော့ နောင်တတွေ အပြည့်ဖြစ်နေပါတယ်. မူလကတော့ သူမက ပန်းအိုးကိုယူသွားဖို့ အစီအစဉ်ဆွဲနေခဲ့တာပါ. ဒါပေမယ့် လိန်ဖန်ရဲ့အခန်းထဲကို လှည့်ပတ်ကြည့်လိုက်တော့ သူမက ပြောင်ရှင်းနေတဲ့ နံရံလေးဘက်လေးတန်ပဲ တွေခဲ့ရတာပဲဖြစ်သည်. သူက တော်ဝင်ကိုယ်ရံတော်ချုပ်တစ်ယောက်ဖြစ်ပြီးတော့ ဟုတ်ပါတယ်..ပန်းအိုးကသာလျှင် သူ့ရဲ့အခန်းထဲမှာရှိတဲ့ တန်ဖိုးအကြီးဆုံးပစ္စည်း ဖြစ်နေခဲ့တာပဲဖြစ်သည်. သူမသာ ပန်းအိုးကိုယူသွားခဲ့ရင်တော့လား သူမက အရမ်းစာနာစိတ်မရှိတဲ့သူ ဖြစ်မသွားပေဘူးလား။

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Where stories live. Discover now