102. အစီအစဥ် ပေါ်လာသည်

Start from the beginning
                                    

အဲဒီအခါမှာ မင်းရဲ့ကလေးက အသက်ရှင်သည်ဖြစ်စေ၊ မမွေးသည်ဖြစ်စေ အဆုံးမှာတော့ သူ့မှာ မိခင်မရှိနိုင်တော့ဘူး ။ တို့မောင်လေးနဲ့ တို့ကလည်း ကိုယ်လုပ်တော်တွေရဲ့ သားသမီးတွေ ဖြစ်ကြပြီး ငါတို့တစ်သက်လုံး နှိမ့်ချခံရလိမ့်မယ်။ ဖေဖေက သူ့မိန်းမကို သတ်ခဲ့တဲ့သူရဲ့ကလေးကို ကောင်းကောင်းမဆက်ဆံနိုင်ပါဘူး။ ဒါကြောင့် မင်းဗိုက်ထဲက ကလေးက အခုမသေရင် ငါတို့အားလုံး အတူတူသေသွားလိမ့်မယ်"

မို့ရွှမ်မင်၏ ကြမ်းတမ်းသော အသံသည် အိမ်ထဲတွင် ထွက်ပေါ်လာသည်။ သူမ၏ လှပသော်လည်း ဖြူဖျော့သောမျက်နှာသည် အကြောင်းပြချက်မရှိဘဲ ထိတ်လန့်မှုနှင့် ရက်စက်မှုတို့ကို ဖြစ်ပေါ်စေသည်။ မှိန်ဖျော့ဖျော့မီးရောင်အောက်တွင် မို့ရွမ်မင်၏ အရိပ်သည် အဒေါ်ဖန်၏ ဖြူဖျော့ဖျော့နှင့် နီရဲနေသော မျက်နှာကို ဖုံးအုပ်ထားကာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကိုထုတ်လွင့်နေသည် ။

အဒေါ်ဖန်၏ လက်ချောင်းများ တုန်လှုပ်သွားသည်။

သူမ မတတ်နိုင်ပါ၊ သူမသည် မို့ဟွားဝမ်အား အမှန်တရားကို ရှာတွေ့ခွင့် မပြုနိုင်ခဲ့ပါ။ မို့ရွှမ်မင်သည် ချဲ့ကားပြောခြင်း မဟုတ်ပေ ။

မို့ဟွာဝမ်၏ စရိုက်လက္ခဏာနှင့် လုရှကို ချစ်မြတ်နိုးခြင်းကြောင့် အမှန်တရားကို တွေ့ရှိပါက သူမအား ခွင့်လွှတ်မည်မဟုတ်ပါ။ အဒေါ်ဖန်က ဒါကို လောင်းကစားမဝံ့ဘူး။ အမှန်အတိုင်းပြောရလျှင် သူမသည် မို့ယုဖန်၏အနာဂတ်၊ သူမ၏ချမ်းသာမှုနှင့် သူမ၏ရာထူးကို လောင်းကစားမပြုနိုင်ပါ။

"ဒါ့အပြင် အဒေါ်ဗိုက်ထဲက ကလေးက သားတစ်ယောက်မဟုတ်ဘဲ သမီးတစ်ယောက်လည်းဖြစ်နိုင်ပါတယ်။" မို့ရွှမ်မင်က သူမကို ဆက်ချော့သည်။

အဒေါ်ဖန်၏ မျက်နှာသည် ဖြူဖျော့ဖျော့မှ နီရဲလာသည်ကို မြင်လိုက်ရသဖြင့် သူမ အောင်မြင်လုနီးပါး ဖြစ်နေမှန်း သူမ သိလိုက်သည်။ သူမ မတ်တပ်ထရပ်ပြီး သူမမျက်နှာသည် နူးညံ့သောအပြုံးဖြင့် တောက်ပနေသည်။ သူမ ကုတင်ပေါ် လျှောက်သွားကာ ထိုင်ချလိုက်ပြီး အဒေါ်ဖန်၏လက်ကို လှမ်းဆွဲကာ နူးညံ့စွာပြောသည် ။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now