1

290 23 9
                                    

" ဂျောင်ဂု မင်းတကယ်ကြီး စွန့်လွှတ်တော့မှာလား....... "
" ......... "
အံ့ဩတုန်လှုပ်စွာ မေးနေသော ဆော့ဂျင်ဟျောင်းအား သူမဖြေမိ.....
ရှေ့တွင် အပိုင်းပိုင်းဆုတ်ပဲ့နေသော ဂစ်တာကိုသာ ငေးကြည့်နေမိသည်......
မျက်၀န်းတွင် မျက်ရည်တို့ဝေ့သီနေသော်လည်း ပါးပြင်ပေါ်သို့ ကျဆင်းခြင်းရှိမနေ......
" ရား ဂျောင်ဂုကား ငါမေးနေတယ်လေ..... မင်းသိပ်သဘောကျရတဲ့အရာကို စွန့်လွှတ်တော့မှာလားလို့...... "
" ........ "
သူမေးသည်ကိုပင် ထုံတေတေလုပ်နေသော သူကြောင့် ဆော့ဂျင်စိတ်မရှည်တော့......
ခြေပစ်လက်ပစ်ထိုင်နေသော သူ့ပုခုံးအား ဆွဲဆောင့်ကာ မေးမိသည်......













" ဂျောင်ဂု မင်း ငါ့ညီရော ဟုရဲ့လား.... ငါ့ညီက သူဖြစ်ချင်တဲ့အရာတွေကို မဖြစ်ဖြစ်အောင်ကြိုးစားခဲ့တာ.....ပီးတော့ ဘယ်တော့မှ လက်မလျှော့တတ်ဘူး..... "
" ....... "
" ဟျောင့် မင်းတစ်ခုခုပြောဦးလေကွာ...... "
သူ့အပြောအား အဖတ်ပင်မလုပ်ဘဲ တွေတွေကြီးငေးနေသော ညီဖြစ်သူကြောင့် ဆော့ဂျင်လည်း ဘေးနားတွင် ထိုင်ချပစ်လိုက်သည်......
ကျိုးပဲ့နေသော ဂစ်တာအား စိတ်ပျက်စွာကြည့်ရင်း သက်ပျင်းရှည်တို့ချမိ၏။
တဇွတ်ထိုးဆန်တတ်သော သူ့ညီအကြောင်း သူသာအသိဆုံးပင်.....
သို့ပေမယ့် ဒီလိုအနှစ်နှစ်အလလ ကြိုးစားတည်‌ဆောက်ခဲ့သော အရာကို စွန့်လွှတ်မည်ဆိုတာကတော့......
မဟုသေးပါဘူးလေ.....












" ကျွန်တော် တကယ် စွန့်လွှတ်တော့မှာ ကျန်တဲ့ကိစ္စတွေအကုန် ဟျောင်းပဲတာ၀န်ယူပေးစေချင်တယ်..... ပီးတော့ ဘူဆန်မှာ အိမ်တစ်လုံးရှာပေးပါ..... ဒီနယ်ကနေ တိတ်တဆိတ်ပဲကွယ်ပျောက်သွားချင်တယ်..... "
" ဟ မင်းရူးနေပီလား ဂျောင်ဂု...... မင်းအသက်ငယ်ငယ်လေးရှိသေးတာ မင်းလျှောက်ရမယ့်လမ်းတွေအများကြီးရှိသေးတယ်.....ပီးတော့ ဟာအွန်းသေတာက မင်းကြောင့်မှမဟုတာ.....မင်းဒီလောက်ထိ ကိုယ့်ကိုယ်ကို ညင်းဆဲနေစရာမလိုဘူး..... "
" ဟာအွန်းမရှိကတည်းက ကျွန်တော့်ဘ၀မရှိတော့တာ ဟျောင်း..... ကျွန်တော် တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ဘ၀ကို ကုန်ဆုံးချင်တယ် ဒီအောင်မြင်မှုတွေလည်း မလိုချင်ဘူး...... ပီးတော့ ဟာအွန်းလိုချင်တာလည်း အဲ့အရာတွေမဟုဘူး..... "
" မင်းကွာ..... "
အနည်းငယ်တိုးညင်းသော လေသံအား သူမကြားဟန်ပြုရင်း ထရပ်လိုက်သည်......
" ဟျောင်း အခုပြန်ပီး စီစဉ်ပေးပါ ကျွန်တော်နားချင်ပီ...... "
" ဒါပေမယ့် မမြန်လွန်းဘူးလား ဂျောင်ဂု...... "
" မမြန်ပါဘူး ဟျောင်းရဲ့ နောက်တောင်ကျနေခဲ့တာ..... "
ကြေကွဲစွာဆိုလာသော ဂျောင်ဂုအား ဆော့ဂျင်စိတ်မကောင်းစွာ ကြည့်နေမိသည်......
တစ်၀မ်းကွဲညီလေးပေမယ့် သူ့လက်ထဲမှာပဲ ကြီးပြင်းခဲ့သည်မို့ ဂျောင်ဂုအကြောင်းအား အကုန်သိပါသည်.....
သို့ပေမယ့် ဒီလောက်ထိ စိတ်ထိခိုက်သွားမယ်လို့ ထင်မထားခဲ့.....
ကိုယ်နဲ့စေ့စပ်ထားတဲ့ မိန်းကလေး ရုတ်တရက်ဆုံးပါးသွားသည်ကို ဒီလောက်ထိ ကိုယ့်ဘ၀ကိုယ် အနစ်နာခံမယ်လို့လည်း မတွေးထားခဲ့ပါ.....
မင်း တကယ်ကြီး ဟာအွန်းကို ချစ်ခဲ့တာပဲ.........














Old Story Of Willow TreeKde žijí příběhy. Začni objevovat