❀ 45 ❀ ( Final )

Start from the beginning
                                    

" မင်းတို့ ပြန်ရောက်မှတွေ့မယ်..... "
လက်နှင့် လက်ပင်းဖြတ်ပြဟန်လုပ်ပီး ရှေ့မှ အရင်ထွက်လာခဲ့လိုက်သည်.....
° ဟွန့် သူ့ကိုယ်သူ Dechwita ထဲက Agustd ဆိုက်နဲ့.... လုပ်ပြသွားသေး အဲ့တာကြောင့် ရည်းစားမရှိဘဲ လူပျိုကြီးဖြစ်နေတာ..... °
* အေ့လေ ဒါလေးပြောမိတာကို ဖြစ်ပျက်နေတာများ..... ကြည့်နေ တစ်သက်လုံး ငှက်ပျောတုံးဖက်ပီးနေသွားရမှာ ဦးလေး Min က..... *
အမြွှာနှစ်ကောင်၏ ပြောစကားများသာကြားလျှင် Yoongi သွေးတတ်သေသွားမလားမသိ......
ငါက ယောကျာ်းယူပြမှာဟုပဲ ကြိမ်းဝါးသွားမည်လား.....













° ပေး ပေး Tae Tae Hyung အလေးတွေမမပါနဲ့ ကျွန်တော်တို့ပဲ မပေးမယ် နားနားနေနေနေ ဟုပီလား...... °
ပြောရင်းမှ လက်ထဲရှိ အ၀တ်ထုပ်အား ဆွဲယူသွားသောသူ.....
နောက်တစ်ယောက်က သူ့အား လက်ဆွဲကာ ဆိုဖာပေါ်တွင် ထိုင်ခိုင်း၏။
" ရပါတယ်ကွ ငါ့ပစ္စည်းတွေကအများကြီးကို..... "
* ကျွန်တော်တို့ သယ်နိုင်ပါတယ် Hyung ရယ်.... ဟိုဘက်မှာလည်း ဦးငယ်က အလုပ်သမားတွေခေါ်ထားသေးတယ်..... Hyung သာ ငြိမ်ငြိမ်လေးနေ.....ဟုပီလား.... "
" အွန်း..... ဒါနဲ့ Jimin ရော အပြန်တုန်းက ပါလာပီးတော့..... "
* ကျွန်တော်လည်းတွေ့လိုက်သေးတယ် ဘယ်ရောက်သွားတာလဲ မသိဘူး...... *
Taehyung လည်း ဟိုကြည့်ဒီကြည့်နှင့် သူငယ်ချင်းဖြစ်သူအား လိုက်ရှာနေမိသည်.....
တကယ်ပဲ ဘယ်ရောက်သွားတာလဲ.....
ဟိုနေ့က ကိစ္စပြောပီးကတည်းက Jimin ပုံစံက ပြောင်းလဲလို့နေသည်....
တငေးငေးတမှိုင်မှိုင်ဖြစ်နေတတ်တာ စကားသိပ်မပြောတော့တာ အရင်လို တတ်တတ်ကြွကြွမရှိတော့တာတွေ......
ရူးနေပီဟု Taehyung ထင်ခဲ့ပေမယ့် အသဲကွဲတတ်သူတို့၏ ထုံးစံဟု အမြွှာတွေဟု ပြောကြားချက်ကိုသာ လက်ခံလိုက်ရသည်.....
အင်းမ် တစ်နေ့တော့ မင်းလည်း အသဲကွဲဒဏ်ကို ခံနိုင်ရည်ရှိလာမှာပါ......














ရပ်ကွက်အတွင်းရှိ ကစားကွင်းတွင်တော့......
" ဟေး မင်းကိုနဲ့ ပတ်သက်ပီး ဘာအခဲမကြေစရာရှိနေတာလဲ..... "
" ဘာရှိရမှာလဲ ဖြူစုတ်စုတ် Arjushi ရဲ့ ကျွန်တော့်ဘာသာ ကျွန်တော် ဘာဖြစ်ဖြစ်ပေါ့ ခင်ဗျားက ဘာလို့ လိုက်ပြောနေရတာလဲ..... "
" ကောင်လေး...... "
ကတ်ကတ်လန်ပြန်ပြောနေသော နှုတ်ခမ်းထူထူလေးက တည်ငြိမ်သော စကားသံအောက်တွင် ငြိမ်ကျသွား၏။
ဝိုင်းစက်သော မျက်၀န်းတို့က သူ့အား အထူးအဆန်းသဖွယ် ကြည့်လို့လာသည်......
Yoongi မှာလည်း အဆက်မပြတ်တုန်နေသော နှလုံးသားအား ထိန်း၍ အားယူနေရ၏။
တကယ်ပါ ခပ်အေးအေးနေလာတဲ့သူကလေ ဒီကောင်လေးနဲ့တွေ့မှပဲ ပရမ်းပတာတွေဖြစ် အမြဲ ဗရုတ်သုတ်ခနဲ့......
" ဦးနဲ့ တွဲရအောင်...... "
" ‌ဗျာ..... "
စကားနှစ်ခွန်းအပီး သူတို့ကြား လေထုက အေးစက်လို့သွား၏။
Yoongi မှာလည်း ပြောပီးမှ ပြန်ရှက်နေမိသလို.....
သူ့ပုံစံက ကလေးကို မုန့်ပေးကြိုက်တဲ့ပုံများ ဖြစ်နေမလားမသိ.....
" ခင်ဗျား ခင်ဗျား..... "
တိုးတိုးညင်ညင်ထွက်လာသော အသံလေးက တုန်ယင်မှုအပြည့်.....
မျက်နှာလေးနီရဲကာ ပါးမို့မို့ပေါ်သို့ စီးကျလာသည်က အရည်ကြည်ရောင် မျက်ရည်ဥကြီးများ.....
Yoongi မှာတော့ ယောက်ယက်ခတ်သွားရသည်......
ပတ်၀န်းကျင်ရှိလူများမှာလည်း သူတို့အား ကွက်ကြည့်ကွက်ကြည့်နှင့်.....
" ဟေ့ ကလေး......မငိုရဘူး ဦး ဦး တောင်းပန်ပါတယ်နော်..... ကလေးမကြိုက်ရင် ဦး..... "
" သဘောကျတယ်လို့..... ခင်ဗျားကို..... အီး များကြီး သဘောကျတာ များကြီး များကြီး..... အီး..... "
မျက်ရည်များဖြင့် အော်ပြောကာ လက်သေးသေးလေးများအား အဝိုင်းကြီးလုပ်ပြနေသော ကောင်လေးကြောင့် Yoongi အံ့ဩမှုတပုံတစ်ပင်နှင့်....
သူကလည်းပဲ ကို့ကို သဘောကျနေတာတဲ့လား......
ထိုခဏမှာတော့ ကိုယ်ငယ်လေးအား ထွေးပွေ့ကာ အမြတ်တနိုးဖက်ထားမိသည်......
" ဦးကလည်း အရမ်းချစ်တယ်နော် ကလေး...... "











Our Baby Hyung  ♡ [ Completed ]Where stories live. Discover now