" ရှင် ဘယ်လိုလုပ်လိုက်သလဲ "

" ဘာဖြစ်လို့လဲ ဟန်နီရဲ့ "

" အဲ့ဒီလောက်အထိ လုပ်မှ ဖြစ်မှာလား "

ထိုသည်မှာ ဧကရီ့အမှားကြောင့်ဟု ဧကရီ တွေးရင်း မျက်ရည်ဝဲမိသည် ။ ကြောက်စရာကောင်းသော်လည်း ဧကရီ့ကို ရန်ပင် မပြုလေသည့် ထိုမြွေကလေးသည် မည်မျှပင် နာကျင်ခံစားလိုက်ရမည်နည်း ။ တွေးရင်းတွေးရင်းနှင့်ပင် ရင်ဘတ်များ အောင့်လာသည် ။

" ကျွန်မက အဝေးကို ခြောက်လှန့်ပေးဖို့လောက်ပဲ မျှော်လင့်တာ ။ ဒါပေမဲ့ ဒီလောက်ထိ... တော်ပါပြီ ကျွန်မ အမှားပါ ။ ကျွန်မကြောင့် ဒီလိုဖြစ်ရတာပါ "

အကောင်ဟူ၍ အင်းဆက်အကောင် သေးသေးလေးများကိုပင် ရည်ရွယ်ချက်ရှိရှိ မသတ်ဖူးသည့် ဧကရီ့အတွက် တော်တော်ပင် ထိတ်လန့်ရသည် ။ ထို့အပြင် တိရစ္ဆာန်များကို ဤကဲ့သို့ ရက်ရက်စက်စက် သတ်သည့်အဖြစ်မျိုး အသားသည်ဆီများတွင် ကြားဖူးနားဝ ရှိသော်လည်း ယခုကဲ့သို့ ကိုယ်တိုင် မြင်ဖူးခြင်း မရှိပါ ။ အမှန်တကယ် မြင်ရတော့လည်း မိမိ၏အမှားကြောင့်နှင့် တစ်ဆုံး ငိုချလိုက်မိသည် ။ ထိုလူ၏ရင်ဘတ်နှင့် နှဖူးကို ထိထားလျက် တအိအိ ငိုချမိတော့ ထိုယောက်ျားသည် ပထမတော့ ငြိမ်သက်နေ၏ ။ မကြာပါ ဧကရီကို သူ၏လက်တံရှည်များနှင့် တင်းကျပ်စွာ ပွေ့ဖက်လာပြီး ဧကရီ၏ကျောကို အသာပုတ်ပေးသည် ။

" ကိုယ်...ကိုယ် တောင်းပန်ပါတယ် ။ နောက်တစ်ခါ ဒီလို မလုပ်တော့ဘူးနော် ဟန်နီနော် "

ထိုကိစ္စနှင့် ပတ်သက်၍ တောင်းပန်ရသည်က သူ့အတွက် ခက်ခဲသည် ။ ရှေးတုန်းကလည်း ထိုကဲ့သို့ သတ်ဖြတ်ခြင်းများအပေါ် သနားစိတ် ၊ အားနာစိတ် ၊ တောင်းပန်လိုစိတ်များ နည်းနည်းမျှပင် မရှိခဲ့ ။ မြွေထက် ဆိုးသည့် အရာများကိုပင် သူကိုယ်တိုင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ဖူးသည် ။ ယခုတွင်တော့ ဘာမဟုတ်သည့် မြွေတစ်ကောင်အတွက်နှင့် ပထမဦးဆုံး တောင်းပန်လိုက်ရသည့်အဖြစ်က သိပ်တော့ မဟုတ်သေးပေ ။
ထိုလူသည် သေသွားသည့်မြွေကို စိုက်ကြည့်ရင်း သူ၏မျက်ဝန်းတစ်စုံက ထောင့်တစ်ခုကို ဖျတ်ခနဲ ကပ်လိုက်ချိန်တွင် ထိုမြွေအလောင်းမှာ အစအနပင် မကျန်လေအောင် ဖျောက်ခနဲ ပျောက်ကွယ်သွားသည် ။ ဧကရီကတော့ သူ့အမှားဟုဆိုကာ တအိအိ ငိုနေဆဲ ။ ထိုအခါ ထိုလူက ဧကရီ့ကို သူ၏ရင်ခွင်ထဲမှ အသာဆွဲထုတ်လျက် ဧကရီ၏မျက်ရည်များကို သူ၏လက်ချောင်းများနှင့် ဖယ်ရှားပေးကာ...

LS : AMITYWhere stories live. Discover now