❀ 44 ❀ ( Z + U )

Start from the beginning
                                    

" အဲ့တာဆို နမ်းမယ်..... ပီးရင်ချက်ချင်းဖယ်ပေး.... "
* အဲ့လိုမှပေါ့ ဟဲ ဟဲ.... *
ပါးသို့ နမ်းမည်ပြင်လိုက်သော်လည်း သူ့ရှေ့ထိုးပေးလာသည်က နှုတ်ခမ်းထော်ထော်များ.....
" ဟေ့ ငါပြောတာ ပါးကိုနမ်းမယ်ပဲပြောတာလေ..... "
° ဟာ ကျွန်တော်တို့ကို Hyung ပြောတာက နမ်းမယ်လို့ပဲပြောတာ ပါးကို နမ်းမယ်လို့မပါပါဘူး.... အဲ့တော့ ကျွန်တော်တို့ နမ်းခိုင်းတဲ့ဟာပဲ နမ်းရမယ်...... °
" မင်းတို့...... "
ထပ်ပြောမည်ပြင်ပါသော်လည်း သူလည်းမှားသည်မို့ Taehyung အထွန့်မတတ်တော့......
ထားတော့ ဒီတစ်ခါ......
အကြီးကောင်လေး၏ နှုတ်ခမ်းပါးဆီ ခဏတာ ထိကပ်ကာ သူချက်ချင်းခွာလိုက်သည်.....
အငယ်ကောင်ကိုလည်း ထိုနည်းတူစွာ......
ဟိုတစ်ခါကအတိုင်းဆို Oxygen ပြတ်၍ သေသည့်မသာဟုပင် သူနာမည်ကြီးလာပေလိမ့်မည်......
ပီးတော့ နှစ်ယောက်အား.....
" ကဲ ရပီနော်..... ငါ့ကိုဖယ်ပေး...... "
° ဟာ မရပါဘူး..... Hyung နမ်းတာက နှုတ်ခမ်းကို တစ်သျှူးသုတ်လိုက်သလိုပဲ ခဏလေး အဲ့တာနမ်းတာမှမဟုတာ..... °
" ဟာ အဲ့တာနမ်းတာပဲလေ မင်းတို့လို ဖရန့်ကစ်တွေ ဘာတွေ လာမလုပ်နဲ့...... ဖယ်ပေး ခု..... "
* Hyung မလုပ်တတ်ရင် ကျွန်တော်တို့ သင်ပေးမှာပေါ့ လာ..... *
" အင့်..... "
တစ်ဆက်တည်းမှာပင် နှုတ်ခမ်းထက်ဆီသို့ ကျရောက်လာသော အနမ်း.....
မည်သူက နမ်းမှန်းမသိပေမယ့် ရှက်ရှက်ဖြင့်သာ မျက်လုံးများအား စုံမှိတ်ထားခဲ့သည်......
ထိုနေ့က Taehyung ထိုအခန်းထဲမှ တော်တော်နှင့် ထွက်မရခဲ့......














" ဟော မင်းတို့ကလည်းကွာ အိပ်ရာထနောက်ကျသလားမမေးနဲ့.... Tae Tae လေး ဘယ်လောက်စောင့်လိုက်ရသလဲ သိရဲ့လား..... "
° သားတို့ ညက တီဗီကြည့်တာ ကြာသွားလို့ပါ ဦးငယ်ရယ် ဒါနဲ့ ဦးလေး Min ရော..... ရုံးသွားပီလား..... °
" သွားပီလေ အစောကြီးပဲ ထွက်သွားတာ ရုံးမှာ စာရင်းစစ်လာမယ်ဆိုလားပဲ လာ လာ မနက်စာစားမယ် Tae Tae လာ...... "
* ဝါး သားတို့ကြိုက်တဲ့ ဟင်းတွေပါပဲလား အဲ့တာကြောင့် ဦးငယ်ကို ချစ်ရတာ..... *
" အ့ နာတယ်ကွ လာပီးတော့ ငါ့များ ကလေးများ မှတ်နေသလား.... Tae Tae ထည့်စားနော်...... "
" ဟု ဦးငယ်..... "
" နေဦး နေဦး သား Tae Tae နှုတ်ခမ်းက ယောင်နေပါ့လား..... ဘာဖြစ်တာလဲကွ...... "
" အဟွတ်.....!!!!! "
ထမင်းကြော်စားနေရင်းမှ လွှတ်ခနဲပြောလိုက်သော ဦးငယ်ကြောင့် Taehyung ထမင်းပင်သီးသွားရသည်.....
အမြွှာနှစ်ကောင်အား ကြည့်တော့လည်း ဖြေလေဟူသည့်ပုံစံဖြင့် ပြုံးစိစိ......
ခွေးသားလေးတွေ......
" ဟို မနက်က ပုရွက်ဆိတ်ကိုက်သွားတာ ဦးငယ်ရဲ့ သူတောင်းစားပုရွက်စိတ်တွေ အားအားနေ လာလာကိုက်နေကြတာ.... အဟင်း..... "
" မင်းဟာကလည်း ပုရွက်ဆိတ်က ထူးဆန်းလိုက်တာ ကိုက်စရာတွေအများကြိးကို နှုတ်ခမ်းမှာမှ လာကိုက်ရတယ်လို့..... "
" နှာဘူး ပုရွက်ဆိတ်တွေထင်ပါတယ် ဦးငယ်ရဲ့..... အားအားယားယား...... "
* ခွိ..... *
Taehyung စကားအဆုံးခွိခနဲ ထရီသံကြောင့် အံကြိတ်၍သာ မျက်စောင်းလှမ်းထိုးပေးလိုက်သည်.....
ဦးငယ်ကတော့ ဖုန်းကြည့်လျက် ထမင်းဆက်စားနေသည်.....
ဟူး တော်သေးတာပေါ့....









Our Baby Hyung  ♡ [ Completed ]Where stories live. Discover now