1🎀

675 52 16
                                    

Unicode

မနက်စာစားဖို့အတွက် ပြင်ဆင်နေတဲ့ဆောင်းဟွန်း။ ပြင်ဆင်နေတယ်ဆိုပေမယ့် ဟင်းချက်တာကသူမဟုတ်။ အကုန်လုံးက ဂျုံဆောင်းချက်ထားတာသာဖြစ်သည်။ ဂျုံဆောင်းရဲ့အိပ်မက်က ဈေးကြီးတဲ့ chef တစ်ဦးဖြစ်လာဖို့အတွက်။

Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago.


မနက်စာစားဖို့အတွက် ပြင်ဆင်နေတဲ့ဆောင်းဟွန်း။ ပြင်ဆင်နေတယ်ဆိုပေမယ့် ဟင်းချက်တာကသူမဟုတ်။ အကုန်လုံးက ဂျုံဆောင်းချက်ထားတာသာဖြစ်သည်။ ဂျုံဆောင်းရဲ့အိပ်မက်က ဈေးကြီးတဲ့ chef တစ်ဦးဖြစ်လာဖို့အတွက်။

ဘာပဲဖြစ်ဖြစ် အကုန်လုံးထဲမှာ ဂျုံဆောင်းဟာအိပ်မက်ကို တစ်ပိုင်းတစ်စပေါ်အောင် အကောင်အထည်ဖော်နိုင်နေသူဖြစ်ပေသည်။ အိပ်မက်တွေ အကောင်အထည်ပေါ်မလာရင်ရော ဘယ်လိုလုပ်မလဲ။

အဲ့အတွက်သူတို့တက္ကသိုလ်တက်နေတာပေါ့။ အိပ်မက်တွေဖြစ်မလာရင်လည်း သာမန်ဘဝတစ်ခုရနိုင်ပါသေးသည်။ အနည်းဆုံးတော့ ဂျုံဆောင်းတို့သုံးဦးသားဟာ လောကကြီးကိုအကောင်းမြင်ပြီး ရောင့်ရဲနိုင်တဲ့စိတ်မွေးထားပြီးသားလေ။

ဂျုံဆောင်းချက်တဲ့ဟင်းတွေက ကောင်းတာများပေမယ့် တစ်ခါတစ်ရံကျ နားလည်ရခက်တဲ့အရသာတွေ ဖြစ်ဖြစ်သွားတတ်သည်။ ဘယ်လိုဟင်းလျာတွေထွက်လာလာ ဂျုံဆောင်းကိုအားပေးတဲ့သူကတော့ ဆောင်းဟွန်းပါဘဲ။ ဆောင်းဟွန်းက လူချစ်အောင်နေတတ်တဲ့ ကလေးတစ်ယောက်လိုမျိုး သူတို့ဘာလုပ်လုပ် အားပေးထောက်ခံတတ်တဲ့ကောင်လေးဖြစ်သည်။

ဒါကြောင့်လည်းဆောင်းဟွန်းက သူတို့နဲ့နေချင်တယ်ဆိုတော့ အရင်ဆုံးလက်ခံခဲ့သူမှာ ဂျုံဆောင်းဖြစ်နေခြင်း။

မနေ့ကလောလောလတ်လတ်ပြီးသွားတဲ့ ကျောင်းကပန်းချီပြိုင်ပွဲမှာ ဒုတိယဆုနဲ့ကျေနပ်လိုက်ရလို့ ကြေကွဲနေတဲ့ဂျယ်ယွန်းဟာတော့ စားပွဲရဲ့ခြေရင်းဘက်မှာ နီနေတဲ့မျက်လုံးတွေနဲ့ထိုင်နေခဲ့တယ်။ သူပြောတော့မခံစားပါဘူးတဲ့။ တစ်ညလုံးငိုထားတဲ့မျက်လုံးတွေနဲ့လိမ်နေပြန်ပြီ။ တကယ်ကမျက်နှာလိုက်ခံရလို့ ခံပြင်းနေတာ။

Innocent BabyTahanan ng mga kuwento. Tumuklas ngayon