အပိုင်း(၇)

Mulai dari awal
                                    

'ဘယ်လိုတောင် အကျင့်မကောင်းတဲ့လူလဲ . ဒီလိုမျိုးအကြောင်းကိုတောင် စိတ်အေးလက်အေး အမူအရာနဲ့ပြောနေသေးတယ်!' အောင့်သက်သက်ဖြင့်လင်ရှန်းနောက်ထပ် ရယ်လိုက်ပြီး - "အိုး..ငါကကျိန်းသေပေါက်ကို မင်းလောက်အတွေ့အကြုံအများကြီးမရှိပါဘူး. တတိယမင်းသား!"

"ချီးမွမ်းတဲ့အတွက် ကျေးဇူးပါပဲ . အစ်ကိုစုန့်"

'ကျွန်မက ရှင့်ကို ချီးမွမ်းနေတာမဟုတ်ဘူး! ရှင့်​မှာ အရှက်နည်းနည်းလေးမှတောင်မရှိဘူးလား' လင်ရှန်းမှာ ပြောစရာစကားမဲ့သွားခဲ့ပါပြီ။

အဲဒီအချိန်မှာပဲ တိတ်ဆိတ်နေတဲ့လိန်ဖန်က ရုတ်တရက် သူတို့နှစ်ယောက်စကားပြောနေတာကို ကြားဖြတ်လိုက်တယ်. " အကယ်၍ အရှင့်သားမှာအခြားဆွေးနွေးစရာကိစ္စမရှိတော့ရင် ကျွန်တော်အခုပဲ သွားပါတော့မယ်" အဲဒီနောက် သူကထွက်သွားဖို့လှည့်လိုက်တယ်။

"ခဏလေးနေပါဦး!"

တုဂျင်က လိန်ဖန်ကိုရပ်တန့်စေလိုက်ပြီး ပြုံးရယ်ကာပြောလိုက်တယ်. " နောက်ထပ်ဆွေးနွေးစရာမရှိတော့ဘူးဆိုတာက ဘာကိုဆိုလိုတာလဲ? ငါတို့အရေးကြီးတဲ့တစ်နေရာကို သွားရ​ဦးမယ်​လေ။ အစ်ကိုစုန့် . အကို..အားနေရင် ကျွန်တော်တို့နဲ့အတူဘာလို့လာမပူးပေါင်းရတာလဲ"

လင်ရှန်းအသင့်အနေအထားဖြစ်သွားပြီး - "ဘယ်နေရာကိုသွားဖို့လဲ"

"နန်းတော်အပြင်ဘက်ကို"

'နန်းတော်အပြင်ဘက်ကိုလား' လင်ရှန်းရဲ့မျက်လုံးတွေက အစိမ်းရောင်အလင်းတန်းလေးလှစ်ခနဲ ထွက်သွားခဲ့သည်။

ရှောင်လုက ဘေးကနေပြီးတကျီကျီလုပ်လိုက်သည်. " သခင် ဒီအစေခံလဲ နန်းတော်အပြင်ဘက်ကို သွားချင်တယ်"

"စိတ်မကောင်းပါဘူး!" တုဂျင်သူ့ရဲ့ခေါင်းကိုခါရမ်းလိုက်ပြီး ပဟေဠိဆန်စွာပြုံး၍ပြောလိုက်တယ်.

"ငါတို့ဦးတည်မယ့်နေရာက....ယောက်ျားတွေပဲသွားနိုင်တဲ့နေရာပဲ"

လင်ရှန်းချက်ချင်းကိုပဲ သဘောပေါက်လိုက်ပါတယ်. ဒီကောင်က ပျော်တော်ဆက်အိမ်ကို သွားဖို့စီစဉ်နေတာပဲ! ကြားရတဲ့အသံကတော့ အပျော်သဘောလို့ထင်ရပေမယ့်လဲ လင်ရှန်း တုဂျင်ကို မယုံကြည်နိုင်ခဲ့ပါဘူး. သူမက သူ့ကိုကြည့်လိုက်ပြီး သူမရဲ့မျက်ခုံးတွေကချက်ချင်းပဲတွန့်သွားခဲ့သည်. ' ဒီလူက သူ့ရဲ့ပတ်ပတ်လည်လုံးက အန္တရာယ်ရှိတဲ့ အရှိန်အဝါတွေကြီးပဲ. ငါသာလိုက်သွားခဲ့ရင်တော့ ကျိန်းသေပေါက် ကို အန္တရာယ်ရှိမှာပဲ! '

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Tempat cerita menjadi hidup. Temukan sekarang