"ဘယ်​လိုဖြစ်​တာလည်းကွာ.."

ဆွဲထူ​ပေးတာကို​ကျေးဇူးနားမလည်​​သောလူဆိုး​လေးသည်​ သူ့ဆံနွယ်​​တွေကိုဆွဲဖွကာ ရင်​ခွင်​အတွင်းရာနှုန်းပြည့်​မှီထား​သေးသည်​။အသည်းတယားဆံနွယ်​​လေးကိုသပ်​​ပေးရန်​ပြင်​​တော့ သူတို့နှစ်​ဦးလုံးစိုရွှဲသွားရသည်​။Cခန်းရှိ​မျောက်​များ၏လက်​ချက်​နှင့်​ဖြစ်​​လေသည်။

...

သောကြာ​နေ့၏ည​နေ​ခင်းသည်​ သာယာ​နေ​သည်​မှာ စာ​မေးပွဲပြီး၍စိတ်​​တွေ​ပေါ့ပါး​နေသည်​နှင့်​ထပ်​တူကျ​လေသည်​။သို့​သော်​တစ်​ည​လေး​တောင်​ထပ်​မအိပ်​နိုင်​ဘဲ အထုတ်​ပြင်​​နေ​သောအဝါ​ရောင်​ပန်းပွင့်​​ကြောင့်​ ​ဆော့ဂျင်​ဝမ်းနည်းရ​လေသည်​။အဝါ​ရောင်​နုနုရှပ်​ကိုထပ်​ဝတ်​ထား​သော နမ်​ဂျွန်းသည်​သိပ်​​အေးမြသည်​ပဲမဟုတ်​လား..။ဆော့ဂျင်​ရင်​ထဲသိပ်​ကို..အတိုင်းထက်​အလွန်..။

"စက်​ဘီးနဲ့ပြန်​မှာပဲမလား..အတူတူလိုက်​ခဲ့မယ်​.."

ဆော့ဂျင်​ ပြတင်း​ပေါက်​ရှိခန်းစီးစများအကြားကိုယ်​ကိုမြှုပ်​ထားရင်းပျင်းတွဲတွဲဆိုမိ​တော့ ထိုနမ်​ဂျွန်းသည်​သူ့ထုံးစံအတိုင်းရယ်​​လေပြန်​သည်​။နေဝင်​ချိန်​ဆည်းဆာသည်​ မျက်​ဝန်း​ကြည်​​တောက်​​တောက်​များထံသို့ဖြာကျ​နေလို့ သူအကြည့်​မလွှဲနိုင်​ခဲ့​သေး​ပေ။

"​ပြောပါဦး ဝမ်းနည်း​နေတာလား ဆိုတာကို..."

"နည်းမ​နေဘူး...လူဆိုးလို​ကောင်​.."

နမ်​ဂျွန်းအဝတ်​ထည့်​ခြင်းကိုရပ်​တန့်​လိုက်​ပြီး သူ့ထံသို့တဖြည်းဖြည်း​လျှောက်​လာလို့အကြည့်​ကိုသူ​ခြေဖဝါးနုနုများထံသို့ပို့ထားလိုက်​သည်​။နမ်​ဂျွန်းကိုသူလွန်​ခဲ့​သော၁၆ရာစုမှပင်​မြတ်​နိုး​နေမှန်းရိပ်​မိလို့ အချစ်​​တွေတည်​မြဲ​ကြောင်းသိရှိသည်​။

သူ့နားရွက်​ကိုငုံ့နမ်းလာ​သောနမ်​ဂျွန်းသည်​ခန်းစီးများနှင့်​သူ့ကိုတစ်​ပါတည်း ​ထွေး​ပွေ့ထား​လေသည်​။လည်​တိုင်​​တွေထက်​ပါနမ်​ဂျွန်း၏နှုတ်​ခမ်းထူထူရုတ်​တရက်​​ပြေးလွှား​တော့ ​ဆော့ဂျင်​နူးညံ​သောဆံနွယ်​စများကိုပွတ်​တွယ်​လိုက်​မိသည်​။

TEENAGE LOVE STORY { NamJin } Completed !!!Tempat cerita menjadi hidup. Temukan sekarang